အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု

520 60 0
                                    

အပိုင်း ၁၁၅ : မီးလျှံကျီးကန်း နှိမ်နှင်းရေး အင်အားစုတစ်စု

"ဟာ… မီးလျှံကျီးကန်း သခင်လေးက ယုကျင်းတောင် ပေါ်လာမယ့် နေရာကို သိနေတာလား?" လင်းဖုန်းရဲ့ မျက်လုံးအစုံဟာ အံ့ဩမှုတွေနဲ့ တောက်ပပြီးမှ လာခဲ့ပါပြီ။

ကံမကောင်းလှစွာနဲပဲ… ဒီမီးလျှံကျီးကန်းဟာ ဘယ်လောက်ပဲ ဆက်မေးမေး သူ့ရဲ့သခင်လေး ရှိတဲ့နေရာ အတိအကျကို မပြောနိုင်ခဲ့ပါဘူး… သူ့ကို ကြည်ရတာက တကယ်ကိုပဲ မသိနေတဲ့ပုံ ပေါက်နေခဲ့ပါတယ်။ သူဟာ လင်းဖုန်းကံစမ်းကြည့်နိုင်ဖို့အတွက်… မီးလျှံကျီးကန်း အုပ်စုတွေ ပေါ်လာတတ်တဲ့ နေရာတစ်ချို့ကိုသာ ပြောပြနိုင်ခဲ့တယ်လေ။
ဒီမီးလျှံကျီးကန်းဟာ အဆင့်အနိမ့်ဆုံး ပွန်းတစ်ကောင်သာ ဖြစ်တဲ့အတွက်… လင်းဖုန်းရှာခဲ့တဲ့ နေရာတွေဟာ နေရာလွတ် ဖြစ်ရင်ဖြစ်… မဖြစ်ရင်တော့ မီးလောင်ပြင် အကြွင်းအကျန်တွေနဲ့သာ ပြည့်နေခဲ့တာပါ။ သူက မီးကျွမ်းနေတဲ့ အပျက်အစီးတွေရဲ့ အရှေ့ကို ရောက်လာခဲ့တော့… လေထုထဲမှာ မီးခိုးငွေ့တွေက ရှိနေခဲ့သေးပါတယ်။

"ဟင်?" သူက ရုတ်တရက်ပဲ လူတစ်ယောက် ရှိနေတာကို ခံစားမိလိုက်လို့ လှည့်ကြည့်လိုက်တော့… လူတစ်ယောက်ဟာ တောအုပ်လေးထဲက ထွက်လာတာကို တွေ့ခဲ့ရတယ်လေ။

သူဟာ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး… ငယ်ရွယ်သေးကာ နူးညံ့သိမ်မွေ့တဲ့ မျက်နှာကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ မှော်စွမ်းအင်ကလည်း အားကောင်းလှပြီး… သူ့ရဲ့ တစ်ကိုယ်လုံးကို ဝန်းရံထားကာ သူဟာ ချီသာဝကရဲ့ အဆင့်အမြင့်ဆုံး မဟာစက်ဝိုင်း ပြည့်စုံခြင်း အဆင့်၁၂ကို ရောက်နေပြီဆိုတာကို ပြသနေခဲ့တယ်လေ။

ဒီလူငယ်က လင်းဖုန်းကို မြင်လိုက်တော့ အံ့အားသင့်သွားခဲ့ပြီး… သူ့ကို သတိထားစွာနဲ့ ကြည့်လိုက်ကာ… "ခင်ဗျားက ဘယ်သူများလည်း? ခင်ဗျားကလည်း ဒီမီးလျှံကျီးကန်းတွေကို နှိမ်နှင်းဖို့ လာခဲ့တာပဲလား?" သူ့ရဲ့ အကြည့်တွေဟာ မီးလောင်ပြင်ဆီကို ရောက်သွားပြီး… ဒေါသထွက်နေတဲ့ အမူအရာမျိုး ပေါ်လာခဲ့ကာ…"တောက်… ဒီသားရဲတွေက နောက်ထပ်ရွာတစ်ရွာကို ဖျက်စီးလိုက်ပြန်ပြီကွာ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now