အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း

412 53 0
                                    

အပိုင်း ၂၇၈ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး တရားဝင် စတင်ခြင်း

"ဒီပြိုင်ပွဲက အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူတွေရဲ့ ယှဉ်ပြိုင်ခြင်းနဲ့ စတင်တာ။ ပြီးမှ ရွှေရောင်ဗဟိုချက် အဆင့်က သူတွေက ယှဉ်ပြိုင်ရတာ။ ဒီလူက နောက်ကျနေပေမဲ့ ကိစ္စတော့ မရှိဘူး။ သူက နောက်ဆုံးပြိုင်ပွဲ မစခင် ရောက်လာရင် ပြီးတာပဲ" ဇူရီက ပြောလိုက်သည်။ "ပြီးတော့ ရှင်းယွင်မင်းသမီးကို သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ရှီရှင်းယွင်သည် သူမ၏ခါးလေးကို ကိုင်းလိုက်ကာ၊ ဇူရီအား အချိန်အတန်ကြာအောင် ကြည့်လိုက်သည်။ ပြီးမှ ရုတ်တရက် ရယ်လိုက်ကာ၊ "ပြောရမယ်ဆိုရင် ဒီလူက ဇူရီနဲ့ အတော်ဆင်တူတာပဲ။ သူကလည်း စာသင်သား တစ်ယောက်ဖြစ်တယ်။ မဟာချင် အင်ပါယာရဲ့ နန်းတွင်းစာမေးပွဲမှာ ပထမရတဲ့ လူရည်ချွန်ဖြစ်တယ်"

ဇူရီ၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့သည်။ "အိုး? မဟာချင် အင်ပါယာ အတွင်းက စာသင်သား အများကြီးထဲက အထူးချွန်ဆုံးသူက တစ်စုံတစ်ခုတော့ ဖြစ်ရမယ်။ ကျွန်တော်က သူနဲ့ မယှဉ်ပြိုင်ရရင်တောင်မှ၊ ဗဟုသုတတွေကို ဆွေးနွေးလို့ရတာပဲ။ ကောင်းတယ်၊ အရမ်းကောင်းတယ်"

ရှီရှင်းယွင်က တခစ်ခစ်နှင့် ရယ်လိုက်သည်။ "ရှင်တို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသူတွေက မာနအရမ်း ကြီးကြတယ် မဟုတ်လား? ကျွန်မကတော့ စောင့်ကြည့်ချင်နေပြီ"

သူမ၏ ထွက်ခွာသွားသော နောက်ကျောပြင်ကို ကြည့်လိုက်ပြီး၊ ဇူရီသည် အနောက်ကို လှည့်ကြည့်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "သူမက ပြိုင်ဘက်တစ်ဝက်ပဲလို့ ငါကတော့ မထင်ဘူး"

ထိုင်ကာ အနားယူနေသော လင်းဖုန်းက ရုတ်တရက် ပြုံးလိုက်သည်။ "မဟာချင် အင်ပါယာရဲ့ တော်ဝင်မိသားစုဆီမှာ အခြေတည်ဝိညာဉ် အဆင့်က ချုံးယွင်ရှိပြီး၊ ရွှေရောင်ဗဟိုချက် အဆင့်က ရှင်းယွင်ရှိတယ် ဆိုပြီး စကားတစ်ခုရှိတယ်။ ဒီစကားက နေရာတကာမှာ မပျံ့နှံ့နေပေမဲ့၊ လျှို့ဝှက်ချက် တစ်ခုတော့ မဟုတ်ဘူး။

သူသည် မျက်လုံးအစုံကို ဖွင့်လိုက်ကာ ရှောင်ပုတန်လေးကို ကြည့်ကာရယ်လိုက်သည်။ "မင်းရဲ့ ကလန်အစ်မက ထင်သလောက်တော့ မရိုးဘူး"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now