အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့

468 60 0
                                    

အပိုင်း ၁၂၆ : မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့

သူ့ရဲ့အသက်ဟာ လင်းဖုန်းရဲ့ လက်ထဲမှာ ရှိနေခဲ့တော့... ကောင်းဖန်ဟာ ဘာကိုမှ မတတ်နိုင်ခဲ့ပဲ ခွန်းဖန်ရဲ့ လျှို့ဝှက်ကျမ်းစာ အကြောင်းကို လင်းဖုန်းကို ပြောပြခဲ့ရပါတော့တယ်။

ခွန်းဖန်ရဲ့ လျှို့ဝှက်ကျမ်းစာဟာ မြောက်ဝင်ရိုးစွန်း ပင်လယ်မှာ ရှိနေခဲ့တာဖြစ်ပြီး... ထူထဲလှတဲ့ မဟူရာ ရေခဲလွှာပေါင်း များစွာနဲ့ ကာရံထားတာလည်း ဖြစ်တယ်လေ။ သူ့ရဲ့ နေရာအတိအကျကို သိပြီး... ဒီကျမ်းစာကို အသက်သွင်းနိုင်မယ့် မှော်အိုင်တမ်ကိုလည်း ပိုင်ဆိုင်ထားပေမယ့်... မဟူရာ ရေခဲအလွှာတွေကို ဘယ်လိုမျိုး ချိုးဖောက်ရမှန်း သူဟာ မသိခဲ့ပါဘူး။

ကံကောင်းစွာနဲ့ပဲ... ဒီမဟူရာ ရေခဲအလွှာဟာ နှစ်ပေါင်း အနည်းငယ်အတွင်းမှာ တစ်ကြိမ်... ယန်စွမ်းအင်ရဲ့ တိုက်စားမှုကို ခံခဲ့ရပြီး အားနည်းလာခဲ့တာပါ။

ဒါက မြောက်ဝင်ရိုးစွန်း ပင်လယ်ထဲမှာ အဖိုယန် စွမ်းအင်တွေ ကုန်ခမ်းသွားပြီး... အမယင် စွမ်းအင်တွေက ပြန်ပြီးတော့ ကြီးစိုးတဲ့ အချိန်အထိ ခံပါတယ်။ ဒီအချိန်ကျမှပဲ မဟူရာ ရေခဲတွေဟာ ပြန်ပြီးတော့ သန်စွမ်းလာမှာပဲ ဖြစ်တာပါ။

ဒါပေမဲ့လည်း... ဒီမဟူရာ ရေခဲလွှာတွေဟာ အားနည်းနေပေမယ့်... ချိုးဖျက်ဖို့က ထင်သလောက် မလွယ်သေးပါဘူး။

တကယ်လို့များ တစ်ယောက်က ဒီမဟူရာ ရေခဲအလွှာပေါင်း မြောက်မြားစွာကို ဖျက်ဆီးချင်တယ် ဆိုရင်... သူဟာ မဟာအကြွင်းမဲ့ မီးတောက် ခုနှစ်ပါးထဲက တစ်ခုကို အသုံးပြုပြီးမှ ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါမှ မဟုတ်လို့ရှိရင်... တစ်ယောက်ဟာ ရေအမျိုးအစား အားလုံးကို ဖယ်ရှားနိုင်ပြီး... ရေခဲနဲ့ ရေတွေရဲ့ အရှင်သခင်ဖြစ်တဲ့ မဟာလမင်း အကြွင်းမဲ့ရေကို အသုံးပြုပြီးမှသာ... ဒီရေခဲတွေကို ဖယ်ရှားနိုင်မှာပဲ ဖြစ်တယ်လေ။

ကောင်းဖန်ဟာ ခွန်းလွန်းတောင်ခြေရဲ့ မြောက်ပိုင်းမှာ... မဟာလမင်း အကြွင်းမဲ့ ရေစီးကြောင်း တစ်ခုရှိနေခဲ့တာကို သိနေခဲ့ပြီး... မီးလျှံကျီးကန်း သခင်လေးရဲ့ ဒုစရိုက်မှုတွေကို အကြောင်းပြကာ... မဟာလမင်း အကြွင်းမဲ့ရေနဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ရင်ဆိုင်စေခဲ့ပြီး... နောက်ဆုံးမှာတော့ နှစ်မျိုးစလုံးကို အမြတ်ထုတ်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now