အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး

427 49 0
                                    

အပိုင်း ၃၁၀ : ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး

လင်းဖုန်း၏ အကြည့်မှာ စန်းလျှိုဟဲထံမှ ရှီရှင်းယွမ်သို့ ရောက်ရှိသွားကာ၊ သူ၏ မျက်လုံးများအား အသာအယာ ပိတ်လိုက်၏။

"ဒီကောင်မလေးက တစ်ခုခုတော့ တစ်ခုခုပဲ၊ သူမရဲ့ စိတ်ဝိညာဉ်က အတော့ကို ထူးခြားနေတယ်" လင်းဖုန်းသည် ရှီရှင်းယွမ်၏ မှော်စွမ်းအင် လှိုင်းလုံးများအား၊ အသေအချာ ပိုင်းခြားသိမြင်နိုင်သည်။ သို့သော်လည်း သူမ၏ စိတ်ဝိညာဉ် အနေနှင့် သူမကသာ တမင်သက်သက် ထုတ်ဖော်မပြလျှင်၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ မဟာကျင့်ကြံသူများပင် ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း လင်းဖုန်းက ရှီရှင်းယွမ်အား ကြည့်နေဆဲမှာပင်၊ သူမ၏ စိတ်ဝိညာဉ်မှာ အတော့်ကို ထူးခြားနေသည်ဟု ခံစားမိလိုက်သောကြောင့်၊ သူ၏ စိတ်ဝင်စားမှုမှာ အကြီးအကျယ် မြင့်တက်သွားခဲ့သည်။ "ကြည့်ရတာတော့ မြောက်ပိုင်းမျိုးနွယ်စုက စိတ်ဝိညာဉ် မှော်ဆရာကတော့၊ ကိုယ့်အတတ်ကိုယ်စူးတော့မယ် ထင်တယ်"

စန်းလျှိုဟဲသည် ပုန်းကွယ်နေသော နဂါးချောက်ထံသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သော်လည်း၊ ရှီရှင်းယွမ်ကဲ့သို့ အတွင်းသို့ မဝင်သွားခဲ့ချေ။ ထို့အစား သူသည် မြေပြင်ပေါ်တွင်သာ တင်ပုလ္လင်ခွေ ထိုင်ချလိုက်သည်။

စန်းလျှိုဟဲက သူ၏ မျက်လုံးများကို ပိတ်ကာ ထိုင်ချလိုက်သည်နှင့် တပြိုင်နက်၊ ပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် သူ့အား စပ်စုစွာနှင့် စိုက်ကြည့်နေကြသည်။ သူ၏ သေးသွယ်သောမျက်နှာမှာ ယခင်ကကဲ့သို့ တည်ငြိမ်အေးချမ်းနေမြဲ ဖြစ်၏။ သူသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသောပုံစံ ဖြစ်နေခဲ့သည်။

"သူက ဘာတွေလုပ်နေတာလဲ? ပုန်းကွယ်နေသော နဂါးချောက် အထဲကို မဝင်ဘူးလား?" လူအုပ်ကြီးအတွင်းမှ ကြည့်နေကြသူများ၏ ခေါင်းအတွင်းတွင်၊ မေးခွန်းများနှင့် ပြည့်နှက်နေကြ၏။

သူတို့အတွင်းမှ လူအနည်းငယ်သာလျှင် စန်းလျှိုဟဲ၏ ခေါင်းပေါ်မှ အလင်းရောင် ဖျော့ဖျော့လေး တောက်ပလာ၍၊ အလင်းတန်း တစ်ခုအနေနှင့် ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ ဝင်သွားသည်ကို တွေ့နိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now