အပိုင်း ၁၃၉ : ဝကစ်သော ကလေးငယ်.. ဓားလွယ်ထားသော ကညာပျို.. စစ်တုရင် ကစားသမား
"ဒုန်း! ဒုန်း! ဒုန်း!"
လေးလံလှတဲ့ ခြေလှမ်းသံတွေက ပဲ့တင်ရိုက်နေတာကို ဟိုးအဝေးကြီးကနေ ကြားနေရပါပြီ။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း... လင်းဖုန်းဟာ သူ့ရဲ့ ခြေထောက်အောက်က မြေကြီးဟာ တုန်ခါသွားနေခဲ့တာကို ခံစားနေခဲ့ရပါတယ်။
အဲ့ဒီဘက်ကို လှည့်ကြည့်လိုက်တော့... လင်းဖုန်းဟာ အချိန်ခဏကြာအောင် ကြက်သေသေသွားခဲ့ပါပြီ။
သူဟာ ဆယ့်ငါးနှစ်တောင် မပြည့်သေးတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်က... ဖြေးဖြေးချင်း တစ်လှမ်းချင်း လျှောက်လာတာကို တွေ့လိုက်ရတာပါ။
သူမရဲ့ ပုခုံးပေါ်မှာက တောင်ကုန်းငယ်လောက် အရွယ်အစားရှိတဲ့... ဓားအိမ်ကြီးကို လွယ်ထားခဲ့တာလေ။
ဒီဓားအိမ်ကြီးဟာ အလျား မီတာ ၂၀-၃၀လောက်ရှိပြီး... အနံနဲ့ အထူကလည်း မီတာအတော်များများ ရှိပါတယ်။ ဓားအိမ်တစ်ခုလုံးဟာ အနက်ရောင်နဲ့ မှောင်မှိုင်းနေခဲ့ပြီး... အလွန်အမင်းကိုမှပဲ လေးလံတဲ့ပုံ ပေါက်နေခဲ့တာပါ။
ဒီဧရာမ ဓားအိမ်ကြီးနဲ့ ယှဉ်လိုက်ရင်... ကောင်မလေးရဲ့ နုနယ်တဲ့ ပုံစံဟာ ဘယ်လိုမှ အချိုးမကျ နေခဲ့ပါဘူး... ဒီလိုမျိုး သိသာထင်ရှားတဲ့ ကွဲပြားခြားနားမှုတွေဟာ စာအုပ်တစ်အုပ်နဲ့ ကောင်းကင်ကို ထိန်းထားတဲ့ပုံ ပေါက်နေခဲ့ပါတယ်။
ဓားအိမ်ကြီး တစ်ခုလုံးဟာ ငွေရောင် ချိန်းကြိုးတွေနဲ့ ပြည့်နေခဲ့ပြီး... အကုန်လုံးကလည်း အောက်က သယ်ပိုးထားတဲ့ ကောင်မလေးကို ရစ်ပတ်ချည်နှောင် ထားခဲ့တာပါ။
ဧရာမ ဓားအိမ်ကြီးနဲ့ စာလို့ရှိရင်တော့... ဒီငွေရောင် ချိန်းကြိုးတွေဟာ အလွန်ကိုမှပဲ သေးမျှင်လှပြီး... ဓားအိမ်ကြီးကို ငွေရောင်ချည်မျှင်တွေနဲ့ ရစ်ပတ်ထားသလိုမျိုး ဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့လည်း လင်းဖုန်းက သူတို့ကို အသေးစိတ် အကဲခတ်လိုက်တော့... ဒီကြိုးတွေ အားလုံးဟာ တင်းနေအောင် ဆွဲထားပြီး... ဓားအိမ်ကြီးကို နေရာတကျဖြစ်အောင် လုပ်ထားတာ ဆိုတာကို တွေ့ရှိလိုက်ရပါပြီ။

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...