အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!

391 52 0
                                    

အပိုင်း ၂၉၀ : သူက ရူးချင်ယောင်ဆောင်နေတာ!

ယွဲ့ဟုန်ယန်သည် အဆင်သင့် ဖြစ်နေပြီဖြစ်သည်။ သို့သော် ရှီဆောင်ချန်းက ရုတ်တရက် ထအော်လိုက်သည်။ "ခဏလေး!" ထို့ကြောင့် သူမသည် မျက်မှောင်ကြီးအား ကြုတ်လိုက်ကာ၊ လှုပ်ရှားမှုများကို ရပ်လိုက်သည်။

ဒါသည် ယှဉ်ပြိုင်ပွဲ တစ်ခုသက်သက်သာ ဖြစ်သည်။ သူသေကိုယ်သေ တိုက်ပွဲဆိုလျှင်၊ ယွဲ့ဟုန်ယန်သည် သူဘာပြောပြော ဂရုစိုက်နေမည် မဟုတ်ပေ။ သူပေါက်တတ်ကရများ လျှောက်ပြောနေသည်ကို အခွင့်ကောင်းယူ၍၊ သူ့အား အနိုင်ယူလိုက်မည် ဖြစ်သည်။

ရှီဆောင်ချန်းက စကားလုံးများကို ထုတ်ပြောခဲ့သည့် အချိန်တွင်၊ ရှီရှင်းယွမ်က သူမ၏ မျက်စိတို့ကို မှိတ်ထားလိုက်ပြီး ကြံရာမရသည့်ပုံ ပေါက်သွားခဲ့သည်။

မဟာချင် အင်ပါယာ၏ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲဖြစ်သော စစ်ဦးစီးချုပ်၊ ရှီကျုံးယွဲ့သည် ကသိကအောက် ဖြစ်သွား၍၊ သူ၏မျက်နှာတွင် ဒေါသ အရိပ်အယောင်များကို တွေ့နေရသည်။

"သူတို့က ဘာများဖြစ်သွားကြတာလဲ?" လင်းဖုန်းကလည်း မျက်ခုံးများကို တွန့်လိုက်သည်။ "ရှီကျုံးယွဲ့ရော၊ ရှီရှင်းယွမ်ပါ အသုဘ လိုက်ပို့နေရတဲ့ မျက်နှာကြီးတွေ ဖြစ်နေကြပါလား။ ကြည့်ရတာ သူရဲ့ အင်္ကျီလက်ဝမှာ ဝှက်ဖဲ မရှိတော့လို့ ထင်တယ်"

ယွဲ့ဟုန်ယန်ကလည်း သူမ၏ မျက်မှောင်များကို ကြုတ်လိုက်သည်။ "ဘာလဲ?"

ရှီဆောင်ချန်းသည် ချောင်းတစ်ချက် ဆိုးလိုက်ကာ၊ ယွဲ့ဟုန်ယန်အား ကြည့်လိုက်ရင်း လေးနက်စွာနှင့် ပြောလိုက်သည်။ "ဟုန်ယန်မိန်းကလေး၊ ကျုပ်က ခင်ဗျားကို တရားဝင် လက်ထပ်ခွင့် တောင်းလိုက်မယ်။ ကျုပ်ရဲ့ အမျိုးသမီးအဖြစ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်"

သူ၏ လေသံမှာ အလွန်ကို လေးနက်နေ၍၊ သူသည် သူမအား နှောက်ယှက်ကာ စနောက်နေသည့်ပုံ မပေါက်နေခဲ့ပေ။

ထိုအချိန်တွင် နေရာတစ်ခုလုံးသည်၊ တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြီး ကြာမှသာ လင်းဖုန်းက တောင့်တင်းနေသော လည်ပင်းအား လှုပ်နိုင်ခဲ့ကာ၊ ကောင်းကင်အား မော့ကြည့်လိုက်သည်။ "ကျီးကန်းတစ်ကောင်က အပေါ်ကနေ ဖြတ်ပျံသွားတယ်လို့ ဘယ်လိုလုပ်ပြီး ခံစားမိနေရတာလဲ?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now