အပိုင်း ၁၁၆ : စံပြလူသားလား?

466 65 0
                                    

အပိုင်း ၁၁၆ : စံပြလူသားလား?

"အင်း... ကျွန်တော်က ယန်ချင်ဆီက ကြားထားတာက... ခင်ဗျားဆီမှာ မီးလျှံကျီးကန်းတွေကို ရှာဖို့ နည်းလမ်းတွေ ရှိတယ်ဆို?" လင်းဖုန်းဟာ အချိန်ခဏလောက် တွေးလိုက်ပြီးမှ ကောင်းဖန်ကို မေးလိုက်ပါတယ်။

လူအုပ်ထဲက ကျင့်ကြံသူ ကောင်မလေး တစ်ယောက်က ယန်ချင်ကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး... "ဟွန့်... ရှင်က လျှာတော်တော် ရှည်တာပဲ?" ယန်ချင်ကတော့ တောင်းပန်တဲ့ အကြည့်မျိုးနဲ့သာ ကြည့်လိုက်တယ်လေ။

လင်းဖုန်းကလည်း အရပ်ရှည်ရှည်.. သေးသေးသွယ်သွယ်နဲ့ ခပ်ချောချော ကောင်မလေးကို ကြည့်လိုက်ပါတယ်... သူမဟာ ဆူးတွေဝန်းရံနေတဲ့ နှင်းဆီပန်းလေး တစ်ပွင့်နဲ့ တူနေခဲ့တယ်လေ။ ကောင်းဖန်ကလွဲလို့... သူမဟာ ကျန်နေတဲ့ အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်... စဦးပိုင်း အဆင့်မှာသာ ရှိနေပေမယ့်လို့ပေါ့။
သူမဆီကနေတော့ ခက်ထန်ကြမ်းတမ်းတဲ့ အော်ရာတွေကို ခံစားမိနိုင်ပါတယ်... မေးခွန်းထုတ်နေစရာ မလိုပဲ သူမဟာ တိုက်ပွဲအတော်များများကို ဆင်နွဲခဲ့ဖူးပြီး... တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝတယ် ဆိုတာကို သိနိုင်တယ်လေ။

ကောင်းဖန်ကလည်း ညင်သာစွာနဲ့ ပြုံးလိုက်ပြီး... "ဟင်းဟင်း... ကိစ္စမရှိပါဘူး... ဂျူနီယာလီ..."

ကောင်းဖန်ရဲ့ အရှေ့မှာ... လီချန်းရှီဟာ ခက်ထန်တဲ့ ကျားမလေး တစ်ကောင်အဖြစ်ကနေ... ချစ်စရာကောင်းပြီး လိမ္မာတဲ့ ကြောင်မလေးအသွင် ပြောင်းသွားခဲ့ပြီး... ဖြေးဖြေးချင်းပဲ... "ဟုတ်ကဲ့ရှင့်... စီနီယာကောင်း..." ကောင်းဖန်ရဲ့ စကားအရ... သူတို့နှစ်ယောက်ဟာ အတော်ကို နီးကပ်တယ်လို့ ယူဆနိုင်ပါတယ်။
အခြားသော ကျင့်ကြံသူတွေကလည်း လီချန်းရှီကို အားကျစွာနဲ့ ကြည့်နေကြပါတယ်။ ဒါပေမဲ့လည်း ကောင်းဖန်ရှိနေတာမို့ရော... လီချန်းရှီရဲ့ အစွမ်းကြောင့်ပါ... ကျန်တဲ့ အမျိုးသမီး ကျင့်ကြံသူ အားလုံးတို့ဟာ ခေါင်းကိုငုံ့ထားခဲ့ပြီး သူတို့ရဲ့ မကျေနပ်မှုတို့ကို ဖော်မပြခဲ့ပါဘူး။

ကောင်းဖန်ကလည်း လင်းဖုန်းကို ကြည့်လိုက်ကာ ပြုံးပြီးမှ... "အင်း... ဘာမှ ကွယ်ဝှက်ထားစရာတော့ မလိုပါဘူး။ ကျုပ်က အရင်တုံးက မီးလျှံကျီးကန်း မိစ္ဆာအုပ်ချုပ်သူ တစ်ယောက်ရဲ့ အတောင်တစ်ခုကို ကံကောင်းစွာနဲ့ ရထားဖူးပြီး... အဲ့ဒါနဲ့ သတ်မှတ်တဲ့ အကွာအဝေး အတွင်းမှာ မီးလျှံကျီးကန်းတွေရဲ့ တည်ရှိနေမှုကို ခံစားမိနိုင်တယ်ဗျ... " လင်းဖုန်းကလည်း ဖွဖွလေး ပြုံးလိုက်ပြီး... "ဟဲဟဲ... အဲ့ဒါဆို ကောင်းတာပေါ့ဗျ..."

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now