အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း

402 57 0
                                    

အပိုင်း ၂၉၄ : ဝမ်လင်း၏ တတိယလက်ချောင်း

ရေခဲလောင်ကျွမ်းခြင်း နည်းစနစ်သည် အကျိုးသက်ရောက်မှု မရှိသော်လည်း၊ တောက်ယုတင်းသည် စိုးရိမ်ပူပန်ခြင်း အလျဉ်းမရှိပေ။ တိုးညှင်းစွာ အော်ဟစ်လိုက်၍၊ ပြင်ပမှ မှော်စွမ်းအင်များကို သူမ၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည်ဆင့်ခေါ်လိုက်သည်။

ရေခဲမီးတောက်ဖြစ်စေ၊ အဖြူရောင် မြူခိုးငွေ့များ ဖြစ်စေ၊ သူတို့အားလုံးတို့သည် တောက်ယုတင်း၏ ခန္ဓာကိုယ် အတွင်းသို့ လျှင်မြန်စွာနှင့် ပြန်လည်ဝင်ရောက်လာကြသည်။

ဝမ်လင်းသည် တောက်ယုတင်း၏ ပြောင်းလဲမှုများကို တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သတိထားမိလိုက်၍၊ သူ့ကိုယ်သူ တွေးနေခဲ့သည်။ "ဒါက ရင်းနှီးကျွမ်းဝင်မှု အရမ်းရှိနေသလိုပဲ!"

လင်းဖုန်း၏ မျက်လုံးသူငယ်အိမ်များကလည်း ကျဉ်းမြောင်းသွားခဲ့သည်။ ဇူရီ အပါအဝင် ကျန်သော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည်၊ ယန်ချင်အား ကြည့်လိုက်ကြ၏။

ယန်ချင်က တီးတိုးရေရွတ်နေခဲ့သည်။ "သူမပြုလုပ်နေတာတွေက ကျွန်တော့်ရဲ့ မဟာလမင်း တောင်ကျရေ မန္တန်နဲ့ တူနေတာပဲ"

ကျန်သော ကျင့်ကြံသူများကလည်း သဲလွန်စ အချို့ကို သတိပြုမိလိုက်ကြသည်။ "ရေခဲ လောင်ကျွမ်းခြင်း နည်းစနစ်အပြင်၊ ဒီအမျိုးသမီးက မီးတောင်၏တေးသွားကိုလည်း ကျင့်ကြံထားပုံရတယ်"

တောက်ယုတင်းသည် နတ်ရေကန်ဂိုဏ်း၏ အထူးနည်းစနစ် တစ်မျိုးဖြစ်သော၊ မီးတောင်၏တေးသွားကို၊ အမှန်တကယ်ပင် အသုံးပြုနေခြင်း ဖြစ်သည်!

သူသည် ယန်ချင်၏ မဟာလမင်း တောင်ကျရေမန္တန်နှင့် တူညီသော ထူးခြားဆန်းကြယ်သည့် အစွမ်းရှိသည်။ တစ်ယောက်၏ မှော်စွမ်းအင်များ အားလုံးကို ချက်ချင်း စုစည်းရခြင်း ဖြစ်သည်။ ထို့နောက်တွင် တပြိုင်နက်ထဲ ဖောက်ခွဲပစ်ကာ၊ မယုံနိုင်ဖွယ် ဖျက်ဆီးခြင်းမျိုးကို လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ မီးတောင်ပေါက်ကွဲကာ မြေငလျှင် လှုပ်ခတ်လာသကဲ့သို့ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now