အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း

398 63 0
                                    

အပိုင်း ၂၄၈ : ထပ်မံစူးစမ်းခြင်း

ကျောက်ယန်သည် အလင်းတိမ်တိုက် ဓားနည်းစနစ်ထဲမှ အကွက်တစ်ခုဖြစ်သော 'နေ့နှင့်ည တိမ်တိုက်တို့၏ ကခုန်ခြင်း'ကို အလွန်အမင်း ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်၏။ ကျောက်ယန်ကို နွားရိုင်းတိုက်ခိုက်သမားဟု တင်စားနိုင်၍၊ ရှောင်ပုတန်ကို နွားရိုင်းအဖြစ် သတ်မှတ်နိုင်သည်။ ကျောက်ယန်သည် ရှောင်ပုတန်လေးကို ကစားနေသည်မှာ ငြင်းချက်ထုတ်ဖွယ် မရှိချေ။ ထိုကဲ့သို့သော အဖြစ်မျိုးသည် ကျောက်ယန်အား အလွန်အမင်း ကျေနပ်အားရစေသည်။

သို့သော်လည်း ရှောင်ပုတန်၏ အမူအရာ လုံးဝကင်းမဲ့နေသော မျက်နှာသည် သူ့အား အားမလို အားမရ ဖြစ်စေ၏။ ရှောင်ပုတန်လေး၏ ကလေးဆန်သော မျက်နှာတွင် စိတ်ပျက် ဒေါသထွက်နေသော အရိပ်အရောင်များ တစ်စွန်းတစ်စမျှ မရှိချေ။ အမှန်ပြောရလျှင် သူလုပ်နေသည်မှာ၊ ကျောက်ယန်၏ ဓားအလင်းတန်းနှင့် တိမ်တိုက်မြူခိုးငွေ့များ အကြား ပြောင်းလဲနေခြင်းကို သူ၏ မျက်လုံးနက်ကြီးများဖြင့် စိုက်ကြည့်နေခြင်းသာ ဖြစ်သည်။

သူ့ကိုကြည့်ရသည်မှာ ပျံဝဲနေသော လိပ်ပြာလေးကို ဖမ်းရန် စောင့်ကြည့်နေသည် ပုံစံမျိုး ဖြစ်သည်။

ထိုကဲ့သို့ တွေ့ရှိရခြင်းသည် ကျောက်ယန်၏ ပျော်ရွှင်နေသော စိတ်ကို ဖျက်ဆီးပစ်ပြီး၊ ရှောင်ယန်ကိုလည်း မျက်နှာသာ ရစေ၏။

မှန်ပေသည်၊ ခဏအကြာတွင် ရှောင်ပုတန်လေးက ရယ်လိုက်ကာ သူ၏ခေါင်းကို ခါလိုက်သည်။ "ကျွန်တော်က ခင်ဗျားနဲ့ ကစားလို့ဝသွားပြီ" သူက အားအပြည့်နှင့် လက်သီးတစ်ချက် ထိုးလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်ကို ဗဟိုပြု၍ လျှပ်စီးလှိုင်းလုံးတို့မှာ မရပ်တန့်နိုင်သော ဒီရေလှိုင်းများကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။

ကျောက်ယန်၏ အမြဲမပြတ် ပြောင်းလဲနေသော ဓားအလင်းဓားများကိုမူ၊ ရှောင်ပုတန်လေးသည် အမှန်တကယ်တော့ ဖမ်းယူနိုင်သော စွမ်းအားရှိသော်လည်း ကျောက်ယန်နှင့် ဆက်ကစားရန် ပျင်းသွားပြီဖြစ်သည်။ သူ၏ စိတ်ပိုင်းဖြတ်မှုသည် တိုက်ရိုက်ဆန်လွန်းပြီး အချိုးမကျ အဖြစ်ဆုံး ဖြစ်သော်လည်း၊ အထိအရောက်ဆုံး ဖြစ်၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now