အပိုင်း ၃၀၈ : နှမြောစရာပဲ

404 54 0
                                    

အပိုင်း ၃၀၈ : နှမြောစရာပဲ

ဇူရီ၏ မဟာခွန်အား ဓားလမ်းစဉ်သည်၊ ကောင်းကင်ယံတွင် မိုးခြိန်းသံများဖြင့် တုန်ဟီးနေခဲ့သည်။ ထိုဓားကွက်သည် အဆုံးမဲ့ စွမ်းအားများနှင့် ပြည့်နှက်နေ၏။ သူသည် ဟော်မင်၏ အသူရာ ကမ္ဘာဖျက် ဓားသွားအား ထိပ်တိုက်ရင်ဆိုင်ရန် လုံလောက်နေခဲ့သည်။

မဟာကပ်ဆိုး ဓားလမ်းစဉ် အနေနှင့်မူ၊ သူသည် သက်ရှိအားလုံး၏ ဖြစ်တည်မှုအား ပြန်လည်အားဖြည့် ပေးနိုင်၍၊ အသက်စွမ်းအင်များဖြင့် ပြည့်ဝနေခဲ့သည်။ သူသည် အသူရာ ကမ္ဘာဖျက် ဓားသွား၏ သတ်ဖြတ်လိုစိတ်အား၊ ပြန်လည်တုံ့ပြန်နိုင်ခဲ့၏။

ထိုဓားလမ်းစဉ် နှစ်မျိုးအား တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ ဟော်မင်၏ ခက်ထန်သော တိုက်ခိုက်မှုအား ချေဖျက်နိုင်ခဲ့သည်။ ထို့အပြင် သူတို့သည်လည်း ကြမ်းတမ်းစွာဖြင့်၊ ဟော်မင်အား လျှင်မြန်စွာ ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။

ဟော်မင်သည် ဇူရီ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေခဲ့ရင်း၊ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။

အနက်ရောင် အလင်းတန်း တစ်ခုသည် လျှပ်စီးကြောင်း တစ်ခုအလား၊ ဟော်မင်၏ လက်နက်ပေါ်တွင် သူ့ကိုယ်သူ ရစ်ပတ်လိုက်သည်။ သူသည် အသက်ဝင်လာသည့်အလား၊ ဓား၏ဘေးတွင် လှည့်ပတ်ကခုန်နေခဲ့၏။ အမှောင်ထု၏ အကာအကွယ်နောက်တွင် ဟော်မင်၏ဓားသည်၊ နှစ်မီတာကျော် ရှည်သော တောက်ပနေသည့် ဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ မြင်ရသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

သို့သော်လည်း ဟော်မင်က သူ့ကို ဝှေ့ယမ်းလိုက်သည်နှင့်၊ ထိုဧရာမ ဓားကြီးသည် နဂိုမူလ အရွယ်အစားသို့ ပြန်ပြောင်းသွားခဲ့သည်။ သို့သော် ဤအချိန်တွင် သူ့အပေါ်တွင် ကခုန်နေသော အနက်ရောင် အလင်းတန်းများ မရှိတော့ပဲ၊ ဓားသွားသည် လုံးဝမည်းနက်သွားခဲ့၏။ ဖုံးကွယ်ထားသော ခွန်အားနှင့် ရက်စက်မှုတို့မှာ၊ သူ၏ ပတ်ပတ်လည်မှ လေထုနှင့် ဟင်းလင်းပြင်တို့အား တွန့်လိမ်သွားစေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now