အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်

444 60 0
                                    

အပိုင်း ၁၄၁ : သူ့ရဲ့ပိုင်ရှင်ဟာ တကယ်ကိုပဲ အစွမ်းထက်ပါပေတယ်

ယုကျင်းတောင်ပေါ်မှာ... ရှောင်ပုတန်လေးနဲ့ ရှောင်ယန်တို့ဟာ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါတယ်။ သူတို့ဟာ ဒီကနေ့ရဲ့ လေ့ကျင့်မှုတွေ ပြီးဆုံးသွားကြတော့... ယုကျင်းတောင်ကို ပတ်ကြည့်နေကြရင်း ဒီအဖြူရောင် ကျောက်စိမ်း နတ်ဘုရားတောင်ရဲ့ ထူးခြားဆန်းကြယ်တဲ့ စွမ်းရည်သတ္တိတွေကို လေ့လာနေကြတာပါ။ သူတို့ဟာ ဒီကောင်းချီးမင်္ဂလာ နေရာရဲ့ ချောင်ကြိုချောင်ကြားမကျန် ရောက်ခဲ့ပြီးကြပါပြီ။

ဇူရီကတော့ မဟူရာကောင်းကင် ရတနာသစ်ပင်ရဲ့ အောက်မှာ ထိုင်နေခဲ့ပြီး... အဝေးကိုကြည့်ကာ တိမ်တိုက်တွေရဲ့ နိမ်လိုက်မြင့်လိုက် ဖြစ်နေတာကို ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့ နှလုံးသားဟာ တည်ငြိမ်အေးချမ်းနေခဲ့ပြီး... "အင်း... အပေါ်စီးကနေ အဝေးကို ကြည့်ရတာဟာ... တစ်ယောက်ရဲ့ စိတ်နှလုံးနဲ့ ဝိညာဉ်ကို ကျယ်ပြန့်စေတာ အမှန်ပါပဲ။ ရှေးဟောင်း အဆိုဝါဒတွေဟာ တကယ်ကိုပဲ မမှားပါဘူး... မြစ်ရေတွေက စီးဆင်းသွားတာနဲ့အမျှ... နတ်ဘုရား အော်ရာတွေကလည်း ငါ့ကို လွှမ်းခြုံနေခဲ့တာပဲ... ဆရာသခင်ရဲ့ ကျင့်ကြံမှု ဘုံဗိမာန်ဟာ တကယ်ကိုပဲ ကောင်းမွန်လှပါပေတယ်..."

ဒီနေရာမှာပဲ... ဇူရီဟာ ရုတ်တရက်ပဲ သေခြင်းတရားရဲ့ ပြင်းထန်တဲ့ အော်ရာတစ်ခုကို ခံစားလိုက်ရပြီး... မျက်မှောင်ကြီးကို ကြုတ်လိုက်ကာ... "ဟာ... တတိယ ညီလေးရဲ့ မှော်စွမ်းအင်ဟာ လူသတ်လိုစိတ် အတော်ကို ပြင်းတာပဲ..."

သူဟာ မတ်တတ်ရပ်လိုက်ပြီး... သစ်ပင်ရဲ့ အခြားတစ်ဘက်ကို ရွှေ့ထိုင်လိုက်ပါပြီ... အဲ့ဒီနေရာမှာက ဝမ်လင်းဟာ တင်ပုလ္လင်ခွေ ထိုင်နေခဲ့ပြီး... သူ့ရဲ့အရှေ့မှာ ငရဲကမ္ဘာ ပုတီးလုံးလေးကို ချထားခဲ့ပါတယ်။

ငရဲကမ္ဘာ ပုတီးလုံးလေးရဲ့ အထဲက... အဝါရောင် အလင်းတန်း စက်လုံးလေးရဲ့ အထဲမှာ... ဖျင်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားတဲ့ သတ်လတ်ပိုင်း လူကြီးတစ်ယောက်ဟာ နာကျင်စွာနဲ့ အော်ဟစ်ညည်းညူနေခဲ့တယ်လေ။

သူ့ရဲ့ ဘေးမှာတော့... လေးလံလှတဲ့ အနက်ရောင် သေမင်းအော်ရာတွေဟာ လွင့်မျောနေခဲ့ပြီး... သူ့ရဲ့ဝိညာဉ်ကို ဝါးမျိုနေခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now