အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း

422 54 0
                                    

အပိုင်း ၂၅၀ : အင်မော်တယ် ဝိညာဉ်၏ စွမ်းအားများနှင့် ရင်ဆိုင်ခြင်း

ဝမ်ကျန်းနန်၏ သေစေနိုင်သော နှင်းမုန်တိုင်း ပေါက်ကွဲခြင်းနှင့်၊ သူ၏ လူသတ်တိုက်ကွက်ဖြစ်သော အခြေတည်ဝိညာဉ် အဆင့်မှ ခရမ်းရောင် အဆောင်လက်ဖွဲ့နှင့် ရင်ဆိုင်လိုက်ရသည့် အချိန်တွင် ယွဲ့ဟုန်ယန်သည် တုံ့ပြန်မှု တစ်ခုသာ ရှိခဲ့သည်။

ရှေ့သို့ဆက်လက် ချီတက်ခြင်း!

လေဟာနယ်နှင့် လေဟာနယ်ကို ဖျက်ဆီးခြင်း လှံတံနည်းစနစ် နှစ်မျိုးစလုံးကို ကိုင်ဆောင်ထားကာ၊ သူမသည် လျှင်မြန်စွာနှင့် ရှေ့သို့တက်သွားခဲ့ပြီး သူမ၏ လက်ဖဝါးကို လှန်လိုက်ရာ၊ အရာဝတ္ထုနှစ်ခုက လေပေါ်တွင် ပျံတက်လာခဲ့သည်။

တစ်ခုသည် ဒိုင်းတစ်ခုဖြစ်သည်။ သူ၏ မျက်နှာပြင် ဧရိယာမှာ သိပ်မကျယ်ချေ။ သို့သော် သူဆီမှနေ၍ ကြံ့ခိုင်သန်စွမ်း၍ ဖျက်ဆီး၍ မရနိုင်သော အော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

ဤဒိုင်းသည် လုံးဝိုင်းသော စက်ဝိုင်းပုံဖြစ်၏။ သူ၏မျက်နှာပြင်ပေါ်တွင် အမှတ်အသား သင်္ကေတများစွာ ရှိ၏။ သူတို့အားလုံးသည် အဆက်မပြတ် စီးဆင်းနေသော ရေများကဲ့သို့ တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြ၏။ မည်သည့်အရာက မြစ်ရေ၊ မည်သည့်အရာက ကမ်းပါးဟူ၍ ခွဲခြား၍ မရနိုင်ချေ။ အားလုံးသည် အကန့်အသတ်မဲ့ဟု ထင်နေရ၏။

ဤသည်ကား ခန်းနန်ဟွာ၏  မဟာကစဉ့်လျား ဂင်္ဂါသဲဒိုင်း ဖြစ်၏။ ဟိုနေ့တွင် သူက ရှောင်ယန်နှင့် ကျန်သောသူများကို တစ်ခုစီ ပေးရာတွင်၊ ယွဲ့ဟုန်ယန်ကလည်း တစ်ခုရလိုက်၏။

ခန်းနန်းဟွာ ဖန်တီးထားသော မဟာကစဉ့်ကလျား ဂင်္ဂါသဲဒိုင်းသည်၊ ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်တွင်သာ ရှိသော်လည်း၊ သူ့ကို အသုံးပြု၍ ဝမ်ကျန်းနန်၏ အဆောင်လက်ဖွဲ့နှင့် မှော်ကျိန်စာများကို ကာကွယ်ရန်မှာ လိုသည်ထက်ပင် ပိုနေသေး၏။

ခက်ထန်ကြမ်းတမ်းသော နှင်းမုန်တိုင်းသည် ဒိုင်းအပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်ခဲ့သော်လည်း၊ မဟာကစဉ့်ကလျား ဂင်္ဂါသဲဒိုင်းသည် ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now