အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း

422 58 0
                                    

အပိုင်း ၂၆၆ : သံမဏိ သစ်ပင်မှ ပန်းများ ဖူးပွင့်လာခြင်း

လင်းဖုန်းသည် ဆာရိုသံမဏိ သစ်ပင်အတွင်းတွင် နေနေခဲ့ရင် တွေးနေခဲ့သည်။ "ဒဏ္ဍာရီတွေ အရဆိုရင် သစ်ပင်စိတ်ဝိညာဉ် အတွင်းမှာ နှစ်မြှုပ်နေနိုင်တဲ့သူဟာ၊ စိတ်ဝိညာဉ် ဖွံ့ဖြိုးမှု အထွတ်အထိပ်ကို ရောက်ရှိနိုင်ပြီး၊ အများနဲ့ မတူတဲ့ အသက်ရှည်ခြင်းနဲ့ အသိဉာဏ်ပညာတို့ကို ရရှိနိုင်မှာပဲ ဖြစ်တယ်"

"နတ်ဘုရား ပါရာဆို သစ်ပင်ဟာ ဖီးနစ်တွေရဲ့ နေထိုင်ရာဖြစ်ပြီး၊ ထာဝရ ရှင်သန်ခြင်းရဲ့ လျှို့ဝှက်ချက်တွေကို သယ်ဆောင်ထားတယ်လို့ ပြောကြတယ်။ သူတို့ဟာ သစ်ပင်သက်သက်သာ ဖြစ်ပေမဲ့၊ နက်နဲထူးခြားတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားကြတာပဲ"

"ငါက အဲ့ဒီသစ်ပင်ရဲ့ ထူးခြားချက်တွေကို တစ်နေ့မှာ တွေ့နိုင်ရင် ကောင်းမှာပဲ" လင်းဖုန်းသည် သက်ပြင်းချလိုက်၏။

အတွေးနက်နေဆဲမှာပင် သူသည် လက်တစ်ချောင်းကို ဆန့်တန်းလိုက်၍၊ ဆာရိုသံမဏိ သစ်ပင်ကို ခေါက်လိုက်၏။

ထူထဲသော ခရမ်းရောင် ဓာတ်ငွေ့များသည် သစ်ပင်အတွင်းသို့ ဝင်သွားကြကာ၊ သူ၏ အနက်ရောင် အကိုင်းအခက်များနှင့် ရွှေရောင်သစ်ရွက်တို့သည် အသံမြည်ကာ လှုပ်ရှားလာကြသည်။

ကြံ့ခိုင်၍ ခေါင်းမာသော သစ်ပင်နှင့် သူ၏ သံမဏိ အကိုင်းအခက်များသည်၊ ကိုယ်ပိုင် အသိဉာဏ် မရှိကြသေးသော်လည်း လင်းဖုန်း၏ စွမ်းအင်များကို လက်ခံလိုစိတ် မရှိသည်မှာ သိသာနေပေသည်။

လင်းဖုန်းသည် စိတ်လှုပ်ရှားမှု အလျဉ်းမှ မရှိခဲ့ပဲ၊ သစ်ပင်ကိုသာ သူ၏အော်ရာတို့ဖြင့် တယုတယ ပွတ်သပ်နေခဲ့သည်။

သူသည် ရန်လိုမှုကို ဖိအားတို့ဖြင့် ပြန်လည် မတုံ့ပြန်ခဲ့ပြ၊ သူ၏ စွမ်းအားတို့ကို သစ်ပင်၏ တည်ရှိနေမှုနှင့် အသားကျအောင် ထွေးပွေ့ထားခဲ့သည်။

သို့ဖြစ်၍ သစ်ပင်သည် လင်းဖုန်းအား အမျိုးတူအုပ်စုမှ မဟာမိတ်ဟု မှတ်ယူလိုက်ကာ၊ ဆက်ဆံရေး အခြေအနေ တိုးတက်လာခဲ့သည်။

အပြင်ပိုင်းတွင် သစ်ရွက်သစ်ကိုင်းတို့၏ လှုပ်ခါနေမှုမှလွဲ၍၊ ဘာမှ ပြောင်းလဲသည့်ပုံ မပေါ်နေချေ။ သစ်ပင်၏ အတွင်းတွင်မူ၊ ကမ္ဘာကြီးသည် စတင်ပြောင်းလဲနေပြီ ဖြစ်သည်။ သူ၏ ရေသောက်မြစ်များသည် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ သစ်ပင်၏ အလယ်တွင် ခုန်နေသော နှလုံးနှင့် သဏ္ဌာန်တူသည့် ဖွဲ့စည်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now