အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး

438 54 0
                                    

အပိုင်း ၁၇၆ : ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး

ခန်းနန်ဟွာက ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ ပွင့်ချပ်ကိုးခု ကြာပန်းရဲ့ အကြောင်းကို ပြောပြလိုက်တော့… လင်းဖုန်းက အံ့အားသင့် ပျော်ရွှင်သွားခဲ့ပြီး… "အိုး… ဘယ်နေရာများလည်း?"

သူ့ဆီမှာက ကုန်သွယ်မှု အမှတ်တွေဟာ အနည်းငယ်သာ ကျန်တော့တဲ့အတွက်… လင်းဖုန်းအတွက်တော့ ကောင်းချီးမင်္ဂလာနဲ့ ပြည့်စုံတဲ့ ပွင့်ချပ်ကိုးခု ကြာပန်းဟာ စနစ်ကြီး အထဲကနေ ဝယ်ဖို့ရာက ဈေးကြီးနေလွန်းခဲ့ပါတယ်။

ခန်းနန်ဟွာကလည်း… "အင်း… ခွန်းလွန်တောင်ရဲ့ မြောက်ဘက်ပိုင်းမှာက လွင်တီးခေါင် ကုန်းမြေ အကျယ်ကြီး တစ်ခု ရှိနေတယ်ဗျ။ အဲ့ဒီနေရာနဲ့ ခွန်းလွန်တောင်ရဲ့ နယ်စပ်မှာ လွင်ပြင်တစ်ခု ရှိတာပဲ။ အဲ့ဒီလွင်ပြင်ဟာ မဟာချင် အင်ပါယာရဲ့ နောက်ဘက်အကျဆုံး နယ်နိမိတ်ဖြစ်တဲ့ ရှကျိုးဆိုတဲ့ နယ်မြေပဲဗျ…"

"ဒီရှကျိုးဟာ နာမည်အရသာ မဟာချင် အင်ပါယာရဲ့ နယ်နိမိတ် အထဲမှာ ရှိနေပေမဲ့… သူ့ကို တကယ်တမ်း အုပ်ချုပ်နေတာက… ကောင်းကင် ကုန်သည်များ ဂေဟာလို့ အမည်ရတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲ ဖြစ်တယ်ဗျ…"

"အဲ့ဒီဂေဟာက အလွန်အမင်းကို စွမ်းအားကြီးလှသလို… အလွန်တရာကိုမှလည်း လျှို့ဝှက်ဆန်းကြယ် လှတာပဲ။ သူတို့ဟာ နတ်ဘုရား နယ်မြေရဲ့ ပဋိပက္ခတွေ အကြားမှာ ဝင်ပါလေ့ မရှိပဲ… သူတို့ အာရုံစိုက်တာက အရင်းအမြစ်တွေနဲ့ ကုန်သွယ်မှုတွေပဲဗျ…"

"နှစ်တိုင်းပဲ ဆယ်လပိုင်းရဲ့ ကိုးရက်နေ့ကျရင်… ကောင်းကင် ကုန်သည်များ ဂေဟာက နေပြီးတော့ ကျင့်ကြံသူတွေက သူတို့ရဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေကို လွတ်လပ်စွာ လှဲလှယ်နိုင်တဲ့… ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးကို ကျင်းပပေးတာပဲ။ နယ်မြေပေါင်း မျိုးစုံက ကျင့်ကြံသူတွေ အားလုံးကလည်း လာရောက်ပြီးမှ ပါဝင်ဆင်နွှဲကြတာပဲဗျ…"

ခန်းနန်ဟွာကလည်း တစ်ချက်ပြန်ပြီးမှ စဉ်းစားလိုက်ကာ… "အင်း… ကျွန်တော်ကလည်း အဲ့ဒီ အစည်းအဝေးကို တစ်ခါတုံးက ပါဝင်ပြီးတော့ ဆင်နွှဲဖူးတာပဲ။ သူ့ရဲ့ အတိုင်းအတာဟာ အလွန်တရာကိုမှ ကြီးမားလှပြီး… မယုံနိုင်လောက်အောင် စည်ကားသိုက်မြိုက်တာပဲဗျ။ အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ ရတနာပေါင်း မျိုးစုံတို့ကိုလည်း တွေ့နိုင်တာပဲ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now