အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?

427 53 0
                                    

အပိုင်း ၂၃၅ : အဆင်သင့် ဖြစ်ပြီလား?

"အရှင်ကရော ဘယ်သူ့ကို အကောင်းဆုံးလို့ ထင်သလဲ?"

မြောင်ရှီးဟောင်ရဲ့ မေးခွန်းကို ကြားပြီးနောက်မှာ၊ လင်းဖုန်းက ပြုံးလိုက်ပါတယ် "ငါက မင်းတို့နှစ်ယောက်ကို ကွယ်ဝှက်ထားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ဒီအချိန်က ဒီမေးခွန်းကို ဖြေလို့ကောင်းတဲ့အချိန် မဟုတ်သေးဘူး။ သူတို့ကငါ့ကို အံ့ဩမှုကောင်းကောင်း တစ်ခု ပေးလိမ့်မယ်လို့ မျှော်လင့်နေရတာပဲ"

ခန်းနန်ဟွာနဲ့ မြောင်ရှီးဟောင်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး၊ မြောင်ရှီးဟောင်က ကျိတ်ရယ်နေခဲ့ပါတယ်၊ "အရှင်၊ သင်ကလည်း မသိဘူးလား?"

"ဘာဖြစ်လို့လဲဆိုတော့ ကြီးမားတဲ့ ပြောင်းလဲမှုကြီး တစ်ခုကာ လာတော့မှာမို့ပဲ" လင်းဖုန်းက ဖြေကြားလိုက်ပါတယ်၊ "အဖြေက ဝမ်လင်းပဲ"

ခန်းနန်ဟွာနဲ့ မြောင်ရှီးဟောင်တို့ဟာ စဉ်းစားနေတဲ့ ပုံစံမျိုး ပေါက်သွားခဲ့ပါတယ်။

သူတို့ဟာ လင်းဖုန်းလိုမျိုး စွမ်းရည်စိစစ်တဲ့ ကိရိယာမျိုးကို မပိုင်ဆိုင်ထားပဲ၊ သူ့တပည့်တွေရဲ့ အလားအလာ တန်ဖိုးလေးခုရဲ့ အချက်အလက်တွေကို မသိပေမဲ့၊ သူတို့ရဲ့ လက်ရှိကျင့်ကြံမှု အဆင့်တွေရယ်၊ ဝမ်လင်းနဲ့ ဆက်ဆံခဲ့တဲ့ အချိန်တွေရယ်ကနေပြီး၊ ဝမ်လင်းဟာ ကျန်တဲ့သူတွေနဲ့ မတူဘူး ဆိုတာကိုတော့ သိနေကြပါတယ်။

လင်းဖုန်းက ရှေ့ဆက်ပြောလိုက်ပါတယ်၊ "အဓိကအချက်က ဝမ်လင်းဟာ ဘယ်အချိန်မှာ ဆေးလုံးကို ဖော်ဆောင်နိုင်မလဲ ဆိုတာပေါ်ကို မူတည်နေတယ်"

လင်းဖုန်းက သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး အလင်းတန်း စက်လုံးလေးကို ဖန်ဆင်းလိုက်ပါတယ်။ သူ့ရဲ့အထဲမှာ ဆေးတောင်ကြားထဲက ပုံရိပ်တွေကို တွေ့မြင်နိုင်ပါတယ်။ လူသားပုံရိပ်နှစ်ခုပါ၊ ဝမ်လင်းနဲ့ ယန်ချင်တို့ပဲ ဖြစ်ကြပါတယ်။

ယန်ချင်ဟာ ထွမ်းထွမ်း ခြေမွသွားခဲ့တဲ့ စိတ်ဝိညာဉ် ဆေးပင်တစ်ပင်ကို ကောက်ကိုင်လိုက်ကာ သက်ပြင်းချလိုက်ပြီး၊ ဝမ်းနည်းတဲ့ အမူအရာကို ဖော်ပြနေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now