အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ

728 73 0
                                    

အပိုင်း ၁၂၇ : တော်တော်ကြီးကို ကြီးမားတဲ့ အရှက်ရမှုပဲ

"ဘာဖြစ်လို့မင်းက... ဒီမဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို လိုချင်နေရတာလည်း?"

လင်းဖုန်းက ထွမ်းထွမ်းကို ကြည့်လိုက်ပြီး... ဖြေးဖြေးချင်းပဲ မေးလိုက်ပါပြီ။

ထွမ်းထွမ်းရဲ့ မျက်နှာလေးဟာ ရုတ်တရက်ပဲ အတော့်ကို လေးနက်တည်ကြည်သွားခဲ့ကာ... တစ်လုံးချင်းပဲ... "ကျွန်မက လက်စားချေချင်တယ်ရှင့်!"

လင်းဖုန်းကလည်း အံ့အားသင့်သွားခဲ့ပြီး... "ဟာ... ဒီလူက မင်းကို အပြင်းအထန် ရိုက်နှက်ခဲ့ပြီး... မင်းကို အခုလိုမျိုး စိတ်ဝိညာဉ် အပိုင်းအစလေး အဖြစ်သာကျန်အောင် လုပ်ထားတဲ့သူလား?"

"ဒါတင် မကသေးဘူး..." ထွမ်းထွမ်းရဲ့ မျက်နှာသေးသေးလေးမှာ တည်ကြည်လေးနက်မှုတွေနဲ့ ပြည့်လာခဲ့ပြီး... "ပိုပြီးတော့ တိတိကျကျ ပြောရရင် ကျွန်မရဲ့ မိဘတွေရဲ့ အရှက်ရမှုကို လက်စားချေနိုင်ဖို့ပဲ..."

လင်းဖုန်းကလည်း သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး... "အို့... မင်းရဲ့မိဘတွေကရော ဘယ်သူတွေ များလည်းကွာ?"

ထွမ်းထွမ်းကလည်း သူမရဲ့ အဝတ်အစားတွေကို ပြုပြင်လိုက်ပြီး... တည်ကြည်လေးနက်စွာနဲ့... "အင်း... ကျွန်မရဲ့ ဖခင်က မိစ္ဆာကလန်က မဟာပဏ္ဍိတ တောက်တီ ဖြစ်ပြီး... ကျွန်မရဲ့ မိခင်ကတော့ တောက်တီကလန်က တောက်တီမိစ္ဆာဘုရင် ခရမ်းရောင် အနောက်လေပြေပဲ ဖြစ်ပါတယ်။

"ဪ... လက်စသတ်တော့ ဒီလိုကိုး..." လင်းဖုန်းကလည်း ခေါင်းကို ညိတ်လိုက်ပါပြီ။ ထွမ်းထွမ်းဟာ စိတ်ဝိညာဉ် အလင်းတန်း တစ်ခုအဖြစ်နဲ့သာ ကျန်နေခဲ့ပေမယ့်... ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုကို ခံနိုင်ခဲ့တာပါ။ အရင်နှစ်က အဖြစ်ကို ကြည့်လိုက်ချင်းအားဖြင့်... သူမရဲ့ စွမ်းအားဟာ အထွတ်အထိပ်ကို ရောက်နေစဉ်တုံးက ဘယ်လောက်အထိ အစွမ်းထက်လိုက်မလည်း ဆိုတာကို မှန်းဆနိုင်ပါတယ်။

အထူးသဖြင့်... သူမရဲ့ အသက်အရွယ်ဟာ သူမရဲ့ မျိုးနွယ်စုထဲမှာဆိုရင် ငယ်ရွယ်သေးတယ်လို့ ယူဆနေရသေးတာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now