အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း

438 55 0
                                    

အပိုင်း ၂၄၁ : အိမ်သို့ပြန်ခြင်း

"အိုး? မာစတာလင်းက ဒီလိုမျိုး ရည်ရွယ်ချက်ရှိရင်၊ ကျုပ်ကလည်း ပျော်ပျော်ကြီး လိုက်တာပေါ့" မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာသည် စိတ်တထင့်ထင့်ဖြစ်ကာ မသက်မသာ ခံစားနေရသော်လည်း၊ ဘာမှ ရွေးချယ်မှု မရှိခဲ့ပဲ မုယုံယန်ရန်၏ ကိစ္စကို ဘေးဖယ်ထားကာ၊ သူ့ရဲ့အရှေ့က လင်းဖုန်းကို အာရုံစိုက်၍ ဖြေရှင်းရန် ကြိုးစားလိုက်တော့သည်။

အနည်းဆုံးတော့ သူသည် သူ့ဂိုဏ်း၏ အခြားဂိုဏ်းဝင်များကို အကြောင်းကြားကာ၊ သူ့ရဲ့အစား မုယုံယန်ရန်ကို လိုက်ရှာရန် အကြောင်းကြားထားပြီး ဖြစ်သည်။

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာ၏ အကြောက်ဆုံးသော အရာမှာ၊ မုယုံယန်ရန်က လင်းဖုန်း၏ လက်အတွင်းကို ကျဆင်းသွားခြင်းပဲ ဖြစ်သည်။ ထို့ကြောင့် လင်းဖုန်း၏ အနောက်ကို လိုက်သွားခြင်းသည်၊ အနည်းဆုံးတော့ ဖြေရှင်းဖို့ နည်းလမ်းရှာရန် အချိန်ဆွဲနိုင်ခြင်း ဖြစ်သည်။

လင်းဖုန်းက ရယ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုရင်လည်း ခရီးစကြစို့ဗျာ" သူ့အောက်က မဟူရာနဂါး ကျဲယုဟာ အသံအရှည်ကြီး တစ်ခုကို ဟစ်ကြွေးလိုက်ကာ၊ လင်းဖုန်းတို့ အဖွဲ့ကို တင်ဆောင်၍ ပျံသန်းသွားလေတော့သည်။

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာသည် သူ၏အပေါ်ကို မတက်ရဲခဲ့ပေ။ ကျဲယုသည် လင်းဖုန်း၏ အရှေ့တွင် မည်သို့ပင် ရိုကျိုးနေစေကာမူ၊ သူသည် နောက်ဆုံးတွင် နဂါးမျိုးနွယ်စု၏ မိစ္ဆာသခင် အဆင့်က နဂါးဖြစ်ပြီး၊ သူ့၏စွမ်းအားတို့မှာ သူ့ထက်အနည်းငယ်မျှ နိမ့်မကျချေ။

သူက မိုးပြာရောင် မြူခိုးမြူငွေ့ တစ်စုကို ထုတ်လွှတ်လိုက်ကာ၊ ကျဲယု၏ ဘေးကနေ ယှဉ်ပြီး ပျံသန်းနေခဲ့သည်။ လင်းဖုန်းက မည်သို့ အကွက်တွေ ခင်းမည်ကို သိချင်လှစွာနှင့် စိတ်ရှည်စွာနဲ့ စောင့်ကြည့်နေခဲ့ပါ၏။

သူတို့က ခရီးဆက်လာရင်း၊ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာသည် တဖြေးဖြေးနှင့် တစ်စုံတစ်ခုက မှားယွင်းနေသည်ကို ခံစားမိလာရ၏။ လင်းဖုန်း၏ ပန်းတိုင်သည် အံ့ဩဖွယ်ကောင်းလှစွာ ရှောင်ယန်၏ မွေးရပ်မြေဖြစ်သော ဝူကျိုးမြို့ ဖြစ်နေပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now