အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်

396 53 0
                                    

အပိုင်း ၂၉၈ : ဆယ်ကျော်သက်လေး ရှောင်ပုတန်

"ကျုပ်တို့က ဒီပုံစံအတိုင်းသာ အလယ်ကနေပြီး ထပ်ဖြတ်နေမယ်ဆိုရင်၊ နောက်ထပ်နှစ်ချက်လောက် လိုဦးမှာပဲ"

လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်သည်။ နှစ်ခါဖြတ်၍ အပြီးတွင် ဇူရီသည် တိကျသော ခန့်မှန်းချက်အား လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

အနက်ရောင် မီးတောင်ကျောက်တုံးလေးသည် အဆက်မပြတ် ဖြတ်တောက်ခြင်းအား ခံနေရ၍၊ ဆက်တိုက်ကျုံ့ဝင်နေပြီ ဖြစ်သည်။ သို့ဖြစ်၍ သူ၏ သဘာဝလွန် စိတ်အာရုံများကို ဝါးမျိုနိုင်သော စွမ်းအားသည်လည်း၊ အတော်ပင် အားနည်းသွားခဲ့ပြီ ဖြစ်သည်။

အားကောင်းသော သဘာဝလွန် အသိစိတ်နှင့် ကျင့်ကြံသူ တစ်ယောက်သည်၊ ထိုကျောက်တုံးလေး၏ အရံအတားများကို ချိုးဖောက်ကာ၊ သူ၏အတွင်းတွင်ရှိသော ရတနာ၏ ပုံရိပ်အစစ်အမှန်အား ရှာဖွေနိုင်မည် ဖြစ်သည်။

လင်းဖုန်း၏ သံမဏိသစ်ပင် ကိုယ်ပွားသည် သူ၏ကိုယ်ပိုင် အကန့်အသတ်များ ရှိသည်ဖြစ်သော်လည်း၊ သူ့ဝိညာဉ်၏ စွမ်းအားနှင့် အသိစိတ်များသည် အဓိက ခန္ဓာကိုယ်နှင့် အတူတူပင် ဖြစ်သည်။ ထို့ကြောင့် ထိုကျောက်တုံးလေး အတွင်းတွင် ရှိနေသော ရတနာမှာ၊ သားရဲ တိရိစ္ဆာန် တစ်ကောင်၏ သွားတစ်ချောင်း ဖြစ်သည်ကို ပြောနိုင်ခဲ့သည်။

သို့သော်လည်း ထိုသွားသည် ကျောက်၏အလည်တွင် ရှိသည်မဟုတ်ပဲ၊ အစွန်အဖျားတွင် ရှိသည်ဖြစ်၏။ အကယ်၍ ထုံးစံအတိုင်းသာ အလယ်မှ ဖြတ်တောက်နေမည်ဆိုလျှင်၊ ထိုသွားအား တွေ့ရန်အတွက် အနည်းဆုံး နောက်ထပ်နှစ်ချက် လိုအပ်မည်ဖြစ်သည်။

လင်းဖုန်းသည် ဇူရီအား ကြည့်လိုက်၍၊ သူသည်လည်း ကျောက်တုံးအတွင်းတွင် မည်သည့်အရာ ရှိသည်ကို တွေ့ရှိသွားပြီဖြစ်ကြောင်း သိရှိလိုက်သည်။

လင်းဖုန်း၏ အခြေခံအုတ်မြစ် အဆင့် အတွင်းမှ တပည့်များ အတွင်းတွင်၊ ဝမ်လင်းသည် စိတ်ဝိညာဉ် အားအကောင်းဆုံးဖြစ်သည်။ သူသည် စဦးပိုင်း အဆင့်အတွင်းတွင်သာ ရှိသေးသော်လည်း၊ စိတ်ဝိညာဉ် စွမ်းအားမှာ ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့ထက် သာသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now