အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု

390 58 0
                                    

အပိုင်း ၂၇၂ : ပျော်ရွှင်ဖွယ် မရှိသော ပြန်လည်ဆုံစည်းမှု

စကားလှမ်းပြောလိုက်သောသူမှာ မီးခိုးရောင် ဝတ်စုံအား ဝတ်ဆင်ထားသူ ဖြစ်သည်။ ဝမ်လင်းက သူ့အားကြည့်လိုက်သောအခါ၊ သူသည် သူ၏မျိုးနွယ်စုမှ ဝမ်းကွဲညီအစ်ကို တစ်ယောက်ဖြစ်သည်ကို မှတ်မိလိုက်၏။ အစပထမတွင် သူတို့နှစ်ယောက် စလုံးက ဟန်တောင်ကျောင်းတော်ကို ဝင်ခဲ့ကြသည်။ သို့သော်လည်း ထိုသူသည် ပါရမီပါသဖြင့် ချက်ချင်းပင် ဆရာတစ်ယောက်၏ ရွေးချယ်ခြင်းကို ခံလိုက်ရ၏။ ဝမ်လင်းမှာမူ ကိုယ့်ကိုယ်သတ်သေခြင်းဖြင့်သာ ဂိုဏ်းအတွင်းသို့ ဝင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထာဝရတာအိုဂိုဏ်းမှ မာစတာဖူပေက ဟန်တောင်ကျောင်းတော်အား သိမ်းပိုက်လိုက်သောအခါ၊ ဟန်တောင်ကျောင်းတော်မှ တပည့်များစွာတို့သည် ထာဝရတာအိုဂိုဏ်းထံသို့ ကူးပြောင်းသွားကြသည်။

ထိုအချိန်မှစ၍ သူတို့နှစ်ယောက်သည် မဆုံတွေ့ကြတော့ပေ။

ထို့နောက်ပိုင်းတွင် ဝမ်လင်း၏ ဘဝသည် တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့၏။ သူသည် လင်းဖုန်း၏ ဂိုဏ်းသို့ဝင်လိုက်ကာ၊ သူ၏ အရင်ဘဝအား နှုတ်ဆက်ခဲ့လိုက်သည်။

ဝမ်လင်းက ထိုသူကို ယခုအချိန်တွင် ပြန်တွေ့ခဲ့သော်လည်း၊ သူတို့သည် မျိုးဆက်တစ်ခုစာ ပြန်မတွေ့ခဲ့သည့် အတိုင်း၊ တစိမ်းဆန်ကာ ဝေးကွာနေခဲ့သည်။

ထိုမီးခိုးရောင် ဝတ်စုံနှင့်လူသည် ဝမ်လင်းအား လူမှားခေါ်မိသကဲ့သို့ ကြည့်နေခဲ့သည်။ သူ့အတွက်မူ ဝမ်လင်းသည် ပို၍ မရင်းနှီး မကျွမ်းဝင်ခဲ့ချေ။ သူတို့ ကွဲကွာခဲ့သည်မှာ နှစ်နှစ်သာ ရှိသေးသော်လည်း၊ ဝမ်လင်း၏ ခန္ဓာကိုယ်မှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

အားနည်းပျောညံ့ကာ ပိန်ပိန်ပါးပါးနှင့် အစပထမတွင် ဂိုဏ်းဝင်ခွင့်မရပဲ၊ နောက်ပိုင်း ကိုယ့်ကိုယ် သတ်သေမှသာ ဝင်ခွင့်ရခဲ့သော ဝမ်လင်းသည်၊ အခုအချိန်တွင် ရင့်ကျက်သော သူရဲကောင်း ပုံစံနှင့် လူငယ်တစ်ယောက် ဖြစ်၍နေပေသည်။

သူကိုနှစ်ခါပြန်ကြည့်စေခဲ့သော အချက်မှာ၊ ဝမ်လင်း၏ ခန္ဓာကိုယ်မှ ထွက်နေခဲ့သော စွမ်းအားကောင်းသည့် အော်ရာများ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now