အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း

402 55 1
                                    

အပိုင်း ၂၁၅ : ရှောင်လွဲ၍ မရခြင်း

ယုမိသားစုနဲ့ လေနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေဟာ… သူတို့ရဲ့ ဂရန်းမာစတာတို့ရဲ့ အနောက်ကနေပြီး… လင်းဖုန်းဆီကို ချီတက်လာကြပါတယ်။

သူတို့ဟာ ရှောင်ယန်တို့ တတွေနဲ့ လင်းဖုန်းကို ရန်စဖို့တော့ မဝံ့ရဲကြပါဘူး။ သူတို့ဟာ ဒီလူထူးလူဆန်းတွေကို သူတို့ရဲ့ ဂရန်းမာစတာတွေကို ကိုင်တွယ်စေမှာပါ။

စူရှမ်းရှီက ဦးဆောင်တဲ့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ အချို့နဲ့အတူ… အခြေခံအုတ်မြစ် အဆင့်က ကျင့်ကြံသူ တစ်အုပ်စုတို့ဟာ… ဝမ်လင်းရှိရာဆီကို ချီတက်လာကြပါတယ်။

ဝမ်လင်းရဲ့ အမူအရာတွေဟာ တည်ငြိမ်နေခဲ့ပြီး… သူဟာ တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ရဲ့ တစ်ကိုယ်လုံးမှာ မှော်စွမ်းအင်တွေနဲ့ ထိုးတက်လာခဲ့ကာ… အနက်ရောင် ဓာတ်ငွေ့တွေကို ထုတ်လွှတ်လိုက်ပါတယ်။ သူဟာ ငရဲကမ္ဘာ မြစ်ရေရဲ့ ဖျက်ဆီးခြင်း အဆင့်ကို တန်းသွားလိုက်တာပါ။ ဒီကနေ့မှာ သူဟာ သွေးသောက်ရမှ ဖြစ်မယ်။

သူ့ရဲ့ဘေးက ယွဲ့ဟုန်ယန်ကတော့… သူ့ထက်တောင် ပိုမြန်နေခဲ့ပါတယ်။ သူမရဲ့ အနက်ရောင်မီးခဲ ပုဆိန်သွား လှံတံရှည်နဲ့ အနက်ရောင် မီးတောက်တွေကို ထုတ်လွှတ်လိုက်ကာ… လူအုပ်ထဲကို ချီတက်သွားခဲ့ပါတယ်။

ဝမ်လင်းရဲ့ မျက်ခုံးအစုံဟာ တွန့်သွားခဲ့ပြီး တွေးလိုက်ပါတယ်… "ဂျူနီယာလေး ပြောတာက အပိုမဟုတ်ဘူးပဲ။ ဒီအမျိုးသမီးက တကယ့်ကို ခက်ထန်တာပဲ။ သူမက သူမရဲ့ ရန်သူတွေကို အခွင့်အရေး လုံးဝ မပေးခဲ့ဘူး…"

သူက ခေါင်းကိုလှည့်လိုက်ပြီး နောက်တစ်ဘက်ကို ကြည့်လိုက်ပါတယ်။

ယန်ချင်ဟာ ပြေးတက်လာတဲ့ လူလှိုင်းလုံးကြီးကို ကြည့်လိုက်ကာ… အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး… "ငါက စီနီယာရဲ့ ကျေးဇူးတွေကို ပြန်ဆပ်မှဖြစ်မယ်။ သေတာက ကိစ္စမရှိဘူး… ငါက ဘာကို ကြောက်နေရမှာလဲ?"

ဒီလိုပြောနေပေမဲ့လည်း… ယန်ချင်ဟာ သူ့ရဲ့အရင်ကဂိုဏ်းဖြစ်တဲ့ တိမ်တိုက်ရေပြင်ဂူ.. ပြီးတော့ ယုမိသားစု.. လေနတ်ဘုရားဂိုဏ်းတို့ရဲ့ မျက်စိထဲမှာ… သူဟာ ဘာမှမဟုတ်ဘူး ဆိုတာကို သိနေခဲ့ပါတယ်။ သူ့ရဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ရာမှာ… သူဟာ အကျိုးသက်ရောက်မှု သိပ်မရှိပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now