အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း

393 51 0
                                    

အပိုင်း ၁၃၇ : အဝီစိ ငရဲမုန်တိုင်း

"အင်း... ဒီဂေလာကျောက်စိမ်းက ဖိနှိပ်ထားခဲ့တဲ့ အရာက ဘာများလည်း?"

လျှို့ဝှက်ဆန်းကြယ်စွာနဲ့ သူ့ရဲ့ခြေထောက်အောက်က တုန်ခါလှုပ်ရှားမှုတွေဟာ တဖြေးဖြေးနဲ့ ပြင်းထန်လာခဲ့တာကို သတိထားမိတော့... လင်းဖုန်းဟာ မအောင့်နိုင်တော့ပဲ သူ့ရဲ့ စိတ်ဝိညာဉ် တစ်ပိုင်းတစ်စကို ခွဲထုတ်လိုက်ပြီး... မြေအောက်ကို စုံစမ်းစစ်ဆေးလိုက်ပါတော့တယ်။

သူက နည်းနည်းလေးပဲ ဆင်းရသေးတယ်... တစ္ဆေဝိညာဉ် ကိုယ်ထည်တွေ ထောင်ပေါင်းများစွာရဲ့ စူးရှစွာ အော်ဟစ်သံတွေဟာ သူ့ရဲ့ ဦးနှောက်ထဲကို ဝင်လာခဲ့ပြီး... လင်းဖုန်းရဲ့ စိတ်ဝိညာဉ်ကို နှိပ်စက်ညှဉ်းပန်းခဲ့ပါပြီ။

သူ့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစလေးဟာ... ငရဲအိုးထဲကို ကျသွားတဲ့ နှင်းပွင့်လေး တစ်စလိုပဲ... ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပါတယ်... မြေကြီးအောက်က အလွန့်အလွန်ကိုမှပဲ ကြောက်စရာ ကောင်းလှတဲ့ အရာဝတ္ထု တစ်ခုရဲ့ ဝါးမျိုခြင်းကို ခံခဲ့လိုက်ရသလိုပါပဲ။

အချိန်ခဏတာလေးသာ မြင်ခဲ့လိုက်ရပေမယ့်... လင်းဖုန်းဟာ သူ့ရဲ့မျက်နှာကို သေသေချာချာကြီး မြင်တွေ့လိုက်ရပါတယ်။ သူ့ရဲ့ပါးစပ်ဟာ အဟောင်းသား ဖြစ်သွားခဲ့ပြီး... အံ့အားသင့်လှစွာနဲ့ အကျယ်ကြီး ဟသွားခဲ့ရပါပြီ။

မျက်စိနဲ့ မြင်ရသမျှ တစ်ခွင်တစ်ပြင်လုံးဟာ နီရဲတောက်ပပြီးမှ နေခဲ့တာပါ။

မြူငွေ့တွေ.. ဒါပေမဲ့လည်း မြူငွေ့တွေ မဟုတ်ဘူး... လေပြင်းတွေ.. ဒါပေမဲ့လည်း လေပြင်းတွေ မဟုတ်ပဲ... အနီရောင် အလင်းတန်းတွေဟာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့ပါတယ်။

ပတ္တမြားလိုမျိုး လင်းလက်တောက်ပမှုတွေထဲမှာ... တစ်ယောက်ဟာ မရေမတွက်နိုင်တဲ့ မှင်စာသရဲတွေရဲ့ ပုံရိပ်တွေကို ရိုးတိုးရိပ်တိတ် မြင်တွေ့နိုင်ပါတယ်... မမျှော်မှန်းနိုင်လောက်တဲ့ ဒုက္ခတွေကို ခံစားနေရသလိုမျိုး... ဝေဒနာ ကြီးမားလှစွာနဲ့ အော်ဟစ်နေကြလို့ပါ။

ဒီမသန့်ရှင်း မစင်ကြယ်တဲ့ မြင်ကွင်းကို မြင်လိုက်ရတော့... တစ်ယောက်ဟာ ငရဲပြည်ကို အရှင်လတ်လတ်နဲ့ ရောက်သွားရသလိုမျိုး ခံစားလိုက်ရမှာပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now