အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ

411 58 2
                                    

အပိုင်း ၂၁၃ : ပိုပိုပြီးတော့ များလာသော ပြိုင်ဘက်များ

ယုဝမ်ဖုန်းဟာ မြေကြီးပေါ်မှာ မလှုပ်မယှက် လှဲနေကြတဲ့ ယုယုံရှင်းနဲ့ ကျန်တဲ့ ကျင့်ကြံသူ သုံးယောက်ကို ကြည့်လိုက်ကာ… ကြက်သေသေနေ ခဲ့ပါတယ်။

ပြီးတာနဲ့ ယုဝမ်ဖုန်းဟာ ကိုယ့်ကိုယ်ကိုယ် ပါးနှစ်ချက် ပြန်ရိုက်မိသလိုမျိုး ခံစားလာခဲ့ရပါတယ်။ သူကသာ ယုယုံရှင်းကို အခြေတည်ဝိညာဉ် အဆင့်က မှော်အိုင်တမ် တစ်ခုကို ပေးနိုင်ခဲ့ရင်… လင်းဖုန်းကရော ဘာဖြစ်လို့ မပေးနိုင်ရမှာလည်း?

ဒါပေမဲ့လည်း သူက လင်းဖုန်းဟာ ဒီဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုကို… ရှောင်ပုတန်လေးအား သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်း အဖြစ် တိုက်ရိုက်ပေးလိုက်မယ်လို့… လုံးဝကို မမျှော်လင့်ထားခဲ့ပါဘူး။

ဒါကလည်း သူ့ကို လင်းဖုန်းရဲ့ စွမ်းအားတွေကို နောက်ထပ် မှန်းဆတွေးတော စေခဲ့ပါတယ်… "တကယ်လို့များ သူက အခြေတည်ဝိညာဉ် အဆင့်က မှော်အိုင်တမ်တွေကို ဒီလိုမျိုး ပေါ့ပေါ့တန်တန် သဘောထားတယ် ဆိုရင်… သူ့ရဲ့အဆင့်က အခြေတည်ဝိညာဉ် အဆင့်ကို ကျော်နေပြီ ဖြစ်နိုင်တာပဲ။ ဒီလိုသာ ဆိုရင်တော့… ငါတို့ရဲ့ မိသားစု တစ်ခုလုံးက တော်တော့်ကို သတိထားမှ ရတော့မယ်…"

ယုဝမ်ဖုန်းရဲ့ ဦးနှောက်ထဲမှာ အတွေးပေါင်း များစွာနဲ့ ချာချာလည်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း ခဏအကြာမှာ သူ့ရဲ့အာရုံတွေကို ပြန်စိုက်လိုက်တော့… သူ့ကို ရူးသွပ်မတတ် ဖြစ်သွားစေခဲ့တဲ့ တစ်စုံတစ်ခုကို တွေ့ရှိလိုက်ရပါတော့တယ်။

ယုယုံရှင်းနဲ့ အပေါင်းပါတို့ကို အနိုင်ယူလိုက်ပြီးနောက်မှာ… ရှောင်ပုတန်လေးဟာ ယာယီအားဖြင့် ထိန်းချုပ်မှု ကင်းမဲ့သွားတဲ့ ရွှမ်းမင်ရွက်လှေကို ကြည့်လိုက်ပြီး ပြုံးလိုက်ကာ… "ဒီအိုင်တမ်လေးက သိပ်မဆိုးဘူး… ငါလိုချင်တယ်ကွ…"

ဒီစကားကို ပြောလိုက်ပြီး… ရှောင်ပုတန်လေးဟာ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုကို အသက်သွင်းလိုက်ပါတယ်။ သူ့ရဲ့အထဲက အစိမ်းရောင် အလင်းတန်းလေး တစ်ခုဟာ ထွက်လာခဲ့ပြီး… ရွှမ်းမင်ရွှက်လှေကို ဖုံးအုပ်သွားခဲ့ကာ သူ့ရဲ့အထဲကို ဆွဲသွင်းသွားခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now