အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း

366 49 0
                                    

အပိုင်း ၂၉၃ : လောင်းကြေးများအား တိုးမြှင့်ခြင်း

ပုန်းကွယ်နေသော နဂါးချောက်၏ ပြင်ပမှ ကြည့်နေကြသော ပရိသတ်များသည်၊ တောက်ယုတင်း၏ တွေဝေမှုအလျဉ်းမရှိပဲ ဝမ်လင်းထံသို့ ပြေးဝင်သွားခြင်းကို ကြည့်လိုက်ကြကာ၊ မျက်မှောင်များကို ကြုတ်လိုက်ကြ၏။

ယခင်ပြိုင်ပွဲများတွင် ဝမ်လင်းသည်၊ သူ၏ ငရဲကမ္ဘာ မြစ်ရေ၏ ဖျက်ဆီးနိုင်မှု စွမ်းပကားများကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ သူ၏ ဖျက်ဆီးမှု စွမ်းရည်မှာ ကြောက်မက်ဖွယ် ကောင်းလှပြီး၊ မှော်ကျိန်စာများ ဖြစ်ကြသော ဟေးဒီးစ် နတ်လက်ချောင်းနှင့် ငရဲကမ္ဘာသို့ သွားသောလမ်းတို့သည်၊ လျှို့ဝှက်နက်နဲလှကာ အစွမ်းထက်လှသည်။

အခြားလူများ အဖို့မူ၊ ဝမ်လင်းထံသို့ တစ်ရှိန်ထိုး ပြေးဝင်သွားခြင်းသည် ဂမူးရှူးထိုး နိုင်လှခြင်းဖြစ်သည်။

အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ အဖွဲ့သားများကသာ ဤမြင်ကွင်းကို မြင်လိုက်ရသော အခါ၊ အလွန်အမင်း လေးနက်သောပုံစံ ပေါက်သွားကြသည်။

ရှောင်ပုတန်လေးသည် သူ၏ခေါင်းကို အနည်းငယ် စောင်းလိုက်၍၊ "သူမက ကိုယ့်ကိုယ်သိသွားတာလား၊ ဒါမှမဟုတ် သူမရဲ့ စီနီယာတွေ၊ အကြီးအကဲတွေက အကြံပေးလိုက်တာလား?"

ဇူရီသည် နတ်ရေကန်ဂိုဏ်းမှ ကျင့်ကြံသူများ၏ အမူအရာတို့ကို ကြည့်လိုက်ကာ၊ ပြန်ဖြေလိုက်သည်။ "ကြည့်ရတာတော့၊ သူမကိုယ့်ကိုယ် သဘောပေါက်သွားတာနဲ့ တူတယ်"

ယွဲ့ဟုန်ယန်နှင့် ယန်ချင်တို့သည် ငြိမ်သက်နေကြသော်လည်း၊ သူတို့သည် အလွန်အမင်း လေးနက်နေသည့်ပုံများ ပေါက်နေကြကာ၊ တောက်ယုတင်းအား စိုက်ကြည့်နေကြသည်။

အဘယ်ကြောင့်ဆိုသော်၊ တောက်ယုတင်း၏ လက်ရှိတိုက်ခိုက်သည့် နည်းစနစ်သည် ကမူးရှူးထိုး နိုင်လှသည်ဟု ထင်နေရသော်လည်း၊ အမှန်တွင်မူ ဝမ်လင်း၏ အားအနည်းဆုံး အချက်ကို ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းဖြစ်သည်။

သူ၏ မှော်ကျိန်စာများသည် အစွမ်းထက်လှသော်လည်း၊ သူ၏ အသွေးအသားများမှမူ အားနည်းလှ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now