အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး

441 54 0
                                    

အပိုင်း ၂၇၆ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး

လက်ဝဲမင်းသားရှန်၏ စကားလုံးများသည် အလွန်ပင် အရာရောက်လှ၏။

လင်းဖုန်း၏ အမြင်ဖြင့် ကြည့်ရသော်၊ ချောင်ဝေ၏ မျက်နှာသည် လွန်မင်းစွာ မည်းမှောင်သွားခဲ့သည်။ ထိုစကားတို့ကို ကြားရပြီးနောက်တွင်၊ သူသည် ချောင်ဝေက မင်းသားရှန်အား တိုက်ခိုက်တော့မည်မှာ ၈၀%သေချာနေ၏။
ရွှင်ပျော်ပျော် သူတော်စင်၏ မျက်နှာသည်လည်း အလွန်အမင်း သတိထားနေသောပုံ ပေါက်နေသည်။ ဘာပဲပြောပြော အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲသည်၊ ယုကျိုးမြို့အား မှုန့်မှုန့်ညက်ညက် ကြေစေနိုင်သည် မဟုတ်ပါလော။

မည်သူက ထင်ထားမိမည်နည်း၊ ချောင်ဝေ၏ အမူအယာတို့မှာ မည်းမှောင်နေသော်လည်း၊ သူသည် အမျက်ထွက်နေသောပုံ မပေါက်ပေ။ သူသည် အေးစက်စွာနှင့်သာ ပြောလိုက်သည်။ "ဟွန့်၊ မြောက်ပိုင်းမျိုးနွယ်စုလို ကိစ္စသေးသေးလေးကို၊ ငါ့ရဲ့ စီနီယာတွေကို ဒုက္ခပေးစရာ မလိုပါဘူး"

ထိုအချိန်တွင် ဟင်းလင်းပြင်အတွင်းမှ အသံတစ်သံသည်၊ အားလုံး၏ နားအတွင်းသို့ ဝင်လာခဲ့သည်။ "လောင်းမယ်ဟုတ်လား? ဒါဆိုရင် ငါ့ကိုပါ ထည့်တွက်ထားလိုက်ပါ"

ထိုအသံအား ကြားပြီးနောက်တွင်၊ ရွှင်ပျော်ပျော် သူတော်စင်သည် ခါးသီးစွာနှင့် ပြုံးလိုက်ကာ ပြောလိုက်သည်။ "မီးလောင်ရာကို လေမပင့်ပါနဲ့"

အပြာရောင်ခန်းမ သူတော်စင်သည်လည်း ပြုံးလိုက်ကာ၊ လင်းဖုန်းဘက်ကို ခေါင်းလှည့်လိုက်သည်။ "သူ့ရဲ့အကျင့်က ဘယ်တော့မှပြောင်းမှာ မဟုတ်ဘူး"

လင်းဖုန်းကလည်း ပြုံးနေခဲ့သည်။ အပြာရောင်ခန်းမ သူတော်စင်၏ မိတ်ဆက်ပေးမှုကို မလိုခဲ့ချေ။ သူ့စကားကို နားထောင်လိုက်ရုံနှင့်ပင်၊ သူက မည်သူဖြစ်သည် ဆိုသည်ကို သိနိုင်၏။

သူသည် မဟာချင် အင်ပါယာ၏ အထူးနန်းတွင်း သံတမန်ဖြစ်သော၊ အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ ကျူးကော်ကွမ်းဖြစ်သည်။ သူ့ကိုယ်သူ ကောင်းကင်နှစ်ဖြာ သူတော်စင်ဟု နာမည်ပေးထားသော်လည်း၊ အများကသူ့ကို လောင်းကစား သူတော်စင်ဟုသာ ခေါ်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now