အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!

402 59 1
                                    

အပိုင်း ၁၆၈ : ချန်ချွန်းတောင်ထိပ် ပြိုကျသွားခြင်း!

ဟုန်ရဲ့ဟာ ပြူးကျယ်နေတဲ့ မျက်လုံးအစုံနဲ့အတူ သူ့ရဲ့ နောက်ဆုံးထွက်သက်ကို ရှိုက်ထုတ်လိုက်ပါပြီ။

သူ့ရဲ့ သေဆုံးသွားခြင်းနဲ့အတူ… သူ့ရဲ့ ရတနာတွေကလည်း အရောင်အဝါတွေ မှေးမှိန်သွားခဲ့ကာ လေထုရဲ့ အလယ်မှာ မလှုပ်ရှားတော့ပဲ ရပ်တန့်သွားခဲ့ပါတယ်။

ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုနဲ့ နဂါးသတ်ဖြတ် ဆေဘာတို့ကသာ… အရောင်အဝါတွေ တောက်ပလာခဲ့ပြီး… သူတို့က လွပ်လပ်ရေး ရသွားတဲ့အတိုင်း လေထုထဲမှာ ခုန်ပေါက်နေကြတာပါ။

အထူးသဖြင့် နဂါးသတ်ဖြတ် ဆေဘာဟာ တက်ကြွနေခဲ့ပြီး… မကြုံစဖူး အရှိန်အဟုန်နဲ့ ဘတ်စ်တလီ အနက်ရောင် နဂါးဆီကို ပြေးဝင်လာခဲ့ပါတယ်။

ဘတ်စ်တလီ အနက်ရောင် နဂါးကလည်း ဒီဓားကပေးနေတဲ့ ကြောက်ရွံ့ဖွယ် ခြိန်းခြောက်မှုကို ခံစားနေရတဲ့အတိုင်း… အသံတိုးတိုးနဲ့ တစ်ချက်အော်လိုက်ပါပြီ။ သူ့ရဲ့နာမည် အတိုင်းပဲ နဂါးသတ်ဖြတ် ဆေဘာဟာ… နဂါးတွေရဲ့ ရင်ဆိုင်တဲ့အခါမှာ ပိုပြီးတော့ အစွမ်းထက်တာပါ။

လင်းဖုန်းကလည်း ပျံသန်းလာတဲ့ ဆေဘာကို ကြည့်လိုက်ပြီး… လက်ဝါးနှစ်ဘက်ကို စုစည်းလိုက်ကာ မှော်ကျိန်စာ သင်္ကေတတွေကို ဖန်ဆင်းလိုက်ပါပြီ။ ခရမ်းရောင် မြူခိုးတိမ်တိုက်တွေဟာ ပေါ်လာခဲ့ပြီး… အခန်းငယ်တစ်ခု အဖြစ်ကို ဖွဲ့စည်းသွားခဲ့ကာ ဒီနဂါးသတ်ဖြတ် ဆေဘာကို ပိတ်ဆို့လိုက်ပါတယ်။

ဒီအခန်းငယ်လေးရဲ့ အထဲမှာ အဆက်မပြတ် ရုန်းကန်နေတဲ့ နဂါးသတ်ဖြတ် ဆေဘာကို အာရုံခံမိလိုက်တော့… လင်းဖုန်းကလည်း ပြုံးလိုက်ပြီး… "ဟဲဟဲ… ဒီလောက်အထိတောင် သောင်းကျန်းချင်တဲ့ ဆေဘာကို ရထားတာပဲ… မင်းနဲ့အတူဆော့ဖို့ အဖော်တစ်ယောက်ကို ရှာပေးမှထင်တယ်…"

ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုကလည်း နောက်ထပ် လေဟာနယ်-အချိန်ကာလ ဒိုင်မန်းရှင်း တစ်ခုကို ဖွင့်လှစ်ပြီး ပျောက်ကွယ်ခါနီးမှာ… လင်းဖုန်းက သူ့ကို သူ့ရဲ့ ကောင်းကင်၏ စည်းရိုးများနဲ့ တားဆီးလိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now