အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု

406 57 0
                                    

အပိုင်း ၂၈၅ : ကံအကောင်းဆုံးသော မဲနှိုက်မှု

"နောက်တစ်ဆင့်မှာ ယှဉ်ပြိုင်ရမယ့် သူတွေက၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ယွဲ့ဟုန်ယန်နဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ယန်ချင်တို့ပဲ ဖြစ်ပါတယ်"

လူအုပ်ကြီးအတွင်းမှ တီးတိုးပြောဆိုသံမျာ ထွက်ပေါ်လာကြသည်။ အချို့မှာ ပြိုင်ပွဲ၏ ရလဒ်ကို ခန့်မှန်းနေကြ၍၊ အချို့မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းဘက်သို့ တစေ့တစောင်း ကြည့်နေကြသည်။

ဒါသည် အောင်မြင်မှု ဂုဏ်ကျက်သရေအတွက် ပေးရသော တန်ဖိုးပင် ဖြစ်ပေလိမ့်မည်!

ကွာတားဖိုင်နယ်တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် နေရာရှစ်နေရာတွင် သုံးနေရာကို သိမ်းပိုက်နိုင်ခဲ့ကာ၊ ကျန်သော ယှဉ်ပြိုင်သူများအား ကြီးမားသော ဖိအားများကို ပေးနိုင်ခဲ့သည်။

လင်းဖုန်း၏ စခန်းအတွင်းတွင် ခါးသီးသော အပြုံးများကို တွေ့နေနိုင်သည်။ အထူးသဖြင့် ယန်ချင်ဖြစ်သည်။

ရှောင်ပုတန်လေးသည် လင်းဖုန်းအား ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။ "ဆရာ၊ တစ်ယောက်ယောက်က ကျွန်တော်တို့ကို တမင်သက်သက် လုပ်တာများလား?"

"မဟုတ်ဘူး၊ ဒါက ငါတို့ရဲ့ကံပဲ" လင်းဖုန်းက ကျယ်လောင်စွာ ဖြေလိုက်ရင်း၊ သူ၏ခေါင်းကို ခါလိုက်သည်။

လင်းဖုန်းသည် ထိုကဲ့သို့သော အကွက်များအား အံတိုနေပြီ ဖြစ်သည်။ သူသည် မဟာချင် အင်ပါယာမှ ထိုကဲ့သို့သော နည်းလမ်းများကို မသုံးမည်ကို သေချာနေခဲ့သော်လည်း၊ ရွှင်ပျော်ပျော် သူတော်စင်နှင့် ရှီကျုံးယွဲ့တို့အား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့သည်။

ဘာပဲပြောပြော အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းသည် အခြေခံအုတ်မြစ် အဆင့် ပြိုင်ပွဲတွင် ကြီးစိုးလွှမ်းမိုးနိုင်ခဲ့ကာ၊ ကိုယ့်အိမ်တွင်ကိုယ် လေ့ကျင့်သကဲ့သို့ပင် ဖြစ်နေခဲ့သည်။

သို့သော်လည်း ရွှေရောင်ဗဟိုချက် အဆင့်နှင့် အခြေတည်ဝိညာဉ် အဆင့်မှ ကျင့်ကြံသူများ၏ ထင်မြင်မှုများကို ဖယ်ထားလိုက်လျှင်၊ ရှီကျုံးယွဲ့ အပါအဝင် အခြား အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများသည် ပွင့်လင်းမြင်သာမှု ရှိကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now