အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး

423 53 0
                                    

အပိုင်း ၂၆၇ : သတင်းကောင်းနှင့် သတင်းဆိုး

လင်းဖုန်းအတွက် ရရှိခဲ့သော သတင်း အချက်အလက် နှစ်ခုတွင်၊ တစ်ခုက သတင်းကောင်းဖြစ်ပြီး၊ တစ်ခုက သတင်းဆိုးဖြစ်သည်။

သတင်းကောင်းမှာ ကံစမ်းမဲသည် ကံကောင်းခဲ့ကာ၊ မှော်ရတနာ သန္ဓေလောင်းအား ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်ဖန်ဆင်း တံဆိပ်တော်သည် မရေမတွက်နိုင်သော အသက်များကို ပုံသွင်းထားခြင်း ဖြစ်သည်။ သူ၏ အသက်စွမ်းအင်မှာ အားကောင်းလှ၍၊ နတ်ဘုရား ပါရာဆို သစ်ပင်အား ကောင်းကောင်းကြီး ယှဉ်နိုင်သည်။

အဆင့်မြှင့်တင်ခြင်း နှစ်ခါ ပြုလုပ်အပြီးတွင်၊ လင်းဖုန်းသည် ကံစမ်းမဲ ဆုလဒ်များ ရွေးချယ်မှုနှင့် ပတ်သတ်၍ ပုံစံတစ်မျိုးကို သိရှိလာခဲ့သည်။

ဆုလဒ်တို့၏ အရည်အသွေးသည် လင်းဖုန်း၏ စွမ်းအား သို့မဟုတ် ကံစမ်းမဲ စနစ်၏ အဆင့်အပေါ်တွင် မူတည်နေ၏။

လင်းဖုန်းက စနစ်ကြီးကို ပထမဦးဆုံး ရရှိခဲ့သော အချိန်တွင်၊ ဆုများမှာ ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ ချီသာဝက အဆင့်နှင့် အခြေခံအုတ်မြစ် အဆင့်တွင် အသုံးပြုနိုင်သော၊ ပစ္စည်းများကို ရရှိနိုင်သည်။

လင်းဖုန်းက အခြေခံအုတ်မြစ် အဆင့်ကို ရောက်ရှိပြီးသွားသော အချိန်တွင်၊ စနစ်ကြီးက ပထမ အဆင့်မြှင့်တင်မှုကို ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် အမြင့်ဆုံး ရွှေရောင်ဗဟိုချက်က အိုင်တမ်များကို ထုတ်ပေးခဲ့သည်။

ထိုအကန့်အသတ်ကို ချိုးဖျက်ရန်မှာ သူ၏ ကိုယ်ပိုင် ပစ္စည်းများကို စုပ်တံရွေးချယ်မှု စနစ်တွင် အပေါင်ထားရန် ဖြစ်သည်။ သို့တိုင်အောင် ကိုယ်လိုချင်သော ပစ္စည်းရဖို့ရန် ဖြစ်နိုင်ခြေက အမတန်မှ နည်းလွန်းသည်။

လင်းဖုန်းက ဝိညာဉ် ဖော်ဆောင်ပြီးသွားသည့် အချိန်တွင်၊ ကံစမ်းမဲ စနစ်သည် ဒုတိယအကြိမ်အဖြစ် နောက်ထပ် အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့သည်။ ဒီတစ်ခေါက်တွင်မူ ဆုလဒ်များသည်  ပို၍ အဆင့်မြင့်လာခဲ့သည်။ ဥပမာအားဖြင့် နဂါးအကြော ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now