အပိုင်း ၁၃၂ : ဗလာနတ္တိ

417 56 0
                                    

အပိုင်း ၁၃၂ : ဗလာနတ္တိ

ထန်ဇီက သူ့ကိုကြည့်လိုက်ပြီး ဖြေးဖြေးချင်းပဲ... "ကဲ... အခုလတ်တလောမှာ လင်းလို့ခေါ်တဲ့ တာအိုဆရာ တစ်ယောက်က အတော်လေးကို ခြေလှမ်းတွေ ရှုပ်နေတယ်ကွ။ တစ်ချို့လူတွေက သူ့ကို မကျေမနပ်တွေ ဖြစ်နေကြပြီး... ရင်ဆိုင်ချင်နေကြတာပဲ။ မင်းကများ တန်ဖိုးရှိမယ့် သတင်း အချက်အလက်တွေများ ပေးနိုင်မလား?"

လျှိုယန်ကလည်း မှင်သက်သွားခဲ့ပြီး... "ဟာ... တာအိုဆရာလင်း?"

ထန်ဇီက ပြုံးလိုက်ပြီး... "ဟီးဟီး... မင်းက ဘယ်လိုလုပ်ပြီး မင်းရဲ့ပြိုင်ဘက်ကို အခုအချိန်အထိ မသိသေးတာလည်း? ဒီလူက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး... ခေါင်းကနေ ခြေအထိ တာအိုဝတ်စုံကို ဝတ်ထားတာပဲ..."

လျှိုယန်ရဲ့ မျက်နှာဟာ ချက်ချင်းကို မည်းမှောင်သွားခဲ့ပြီး... အစိမ်းရောင် သန်းသွားခဲ့ကာ အံကို တင်းတင်း ကြိတ်လိုက်ပါတယ်။

ထန်ဇီကလည်း ဆက်ပြီးမှ... "အင်း... တစ်စုံတစ်ယောက်က သူဟာ ရွှမ်ကျိအမတ်ရဲ့သားကို တပည့်အဖြစ်နဲ့ လက်ခံသွားတာကို တွေ့လိုက်တယ်။ အဲ့ဒီနေ့တုံးက နှင်းမုန်တိုင်းက ပုန်ကန်သူတွေက... သူ့ရဲ့သားကို ပြန်ပေးဆွဲလာကြပြီး ဒီနေရာကို ခေါ်လာခဲ့ကြတာ။ ရွှမ်ကျိအမတ်က သူ့ရဲ့လူတွေကို ဒီနေရာကို လွှတ်လိုက်ပေမယ့် အကုန်လုံးက အပြတ်ရှင်းတာကို ခံလိုက်ရတာပဲ..."

"လပေါင်း အနည်းငယ် အကြာမှာတော့... ရွှမ်ကျိအမတ် ဂေဟာက ဒုတိယ ဘဏ္ဍာစိုး ထောင်အော့ဟာ... မဟာချင် အင်ပါယာရဲ့ တောင်ပိုင်း နယ်စပ်တောင်တန်းမှာ... အဲ့ဒီ တာအိုဆရာလင်းရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်..."
ထန်ဇီက လျှိုယန်ကို ကြည့်လိုက်ပြီး... "အဲဒီနေ့က... ဒီမဟူရာ တိမ်တိုက်နန်းတော်ရဲ့ အထဲကို ဝင်လာကြတဲ့ သူတိုင်းဟာ အသက်ခံလိုက်ရပြီး... မင်းတစ်ယောက်ပဲ အသက်ရှင်လျှက် ကျန်ခဲ့တာပဲ..."

"ငါကလည်း မင်းအကြောင်း သိသားပဲ... မင်းက ဘယ်လိုလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အနစ်နာခံပြီးတော့... ငရဲသွေးမြစ်ကို ပိတ်ဆို့ပေးမှာလည်း။ အကျပ်ကိုင်တာကို ခံရတာ.. ဒါမှမဟုတ် အလှည့်စား ခံလိုက်ရတာပဲ ဖြစ်ရမယ်ကွ..."

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now