အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်

425 68 0
                                    

အပိုင်း ၁၈၆ : အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်

ရွှေရောင်ဗဟိုချက် စဦးပိုင်း အဆင့်က… ကောင်းကင်မာစတာ ဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူ ဖူဆော်ဟာ… တခဏလေး အတွင်းမှာပဲ ရှေ့တိုးနောက်ဆုတ် ဖြစ်သွားခဲ့ပါတယ်။

သူဟာ ရှောင်ပုတန်လေးဆီကို မိုးကြိုးသွားလိုမျိုး တစ်ဟုန်ထိုး ခုန်အုပ်လိုက်တာပါ… ပြီးတာနဲ့ ပိုပြီးတော့ ကြီးမားတဲ့ အားအရှိန်နဲ့ နောက်ကို ပြန်လွင့်သွားခဲ့ရပါတယ်။

ဒီအချိန်မှာတော့… ဖူဆော်ဟာ သူ့ရဲ့နှလုံးသားကို ရှေးပဝေသဏီခေတ်က သားရဲ သန်းပေါင်းများစွာတို့ဟာ ခုန်ပေါက်ပြီး ဖြတ်နင်းသွားသလိုမျိုး ခံစားနေခဲ့ရတာပါ။

သူ့ရဲ့ ဆေးပင်သူခိုးလေးဟာ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်မှာသာ ရှိနေသေးပေမဲ့… သူ့ဆီမှာ ရွှေရောင်ဗဟိုချက် အဆင့်ရဲ့ အထွတ်အထိပ်က ကျားမိစ္ဆာတစ်ကောင်ရဲ့ ဝိညာဉ် အဆီအနှစ်တွေ ရှိနေခဲ့မယ်လို့… လုံးဝကို မမျှော်မှန်းထားမိပါဘူး။

သူ့ကိုပိုပြီးမှ မခံချိ မခံသာ ဖြစ်စေခဲ့တာက… ရှောင်ပုတန်လေးဟာ အဝေးကနေ နှာခေါင်းရှုံ့နေခဲ့ပြီး… "ဟွန့်… စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့တဲ့ သူတွေကို… သင်ခန်းစာ ပေးသင့်တာပေါ့…"

ငိုးမသားလေး… ဘယ်သူက စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့နေတာလည်း?1

ဖူဆော်ဟာ လေပေါ်မှာပဲ ရှိနေသေးပြီး… ဒေါသထွက်လွန်းလို့ မျက်လုံးတွေတောင်မှ မည်းမှောင်လာခဲ့ပါပြီ။ သူက ရှောင်ပုတန်လေးကို အော်ဆဲဖို့ ပါးစပ်ကို အကျယ်ကြီး ဟလိုက်တော့… သူ့ရဲ့ နှာရိုးမှာ နာကျင်တဲ့ ဝေဒနာကို ခံစားလိုက်ရပြီ… ပါးစပ်အပြည့်နဲ့ သဲတစ်လုတ်ကို မျိုချလိုက်ရပါတယ်။

ကံမကောင်းစွာနဲ့ပဲ သူဟာ… မြေကြီးပေါ်ကို မျက်နှာအပ်ပြီးမှ ပြုတ်ကျသွားခဲ့တာပါ။

တစ်ချို့ကမြန်ပြီး.. တစ်ချို့ကနှေးတဲ့ ဓားအလင်းတန်း ဆယ်တန်းကျော်တို့ဟာ… ဖူဆော်ရဲ့ အနောက်ကနေပြီး ဒီနေရာကို ရောက်ရှိလာကြပါပြီ။ အကုန်လုံးက သူတို့ရဲ့ မျက်စိအောက်က မြင်ကွင်းကို လုံးဝ အံ့ဩတွေဝေစွာနဲ့ ကြည့်နေကြတာပါ။ သူတို့ထက် စက္ကန့်ပိုင်းမျှသာ စောပြီးမှ ရောက်ရှိလာခဲ့တဲ့ ဖူဆော်ဟာ… အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ပြီး မြေကြီးပေါ်မှာ မှောက်နေခဲ့လိမ့်မယ်လို့ သူတို့တစ်ယောက်ကမှ မထင်ထားခဲ့ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now