အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?

392 58 0
                                    

အပိုင်း ၁၆၆ : ဘယ်သူက အာရုံစိုက်တာကို ပိုခံရတာလည်း?

ဒီအချိန်မှာတော့ ချန်ချွန်းတောင်ထိပ်ပေါ်မှာ… တစ္ဆေဝိညာဉ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ မြူးတူးအော်ဟစ် ကခုန်သံတွေနဲ့ ဆူညံနေခဲ့ပါတယ်။

တောင်ရဲ့ အကာအကွယ် ဝင်္ကပါဟာ ဂန်ဂျင်ကျားဘုရင်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်လို့… တောင်ခြေက အဝါရင့်ရောင် မြူခိုးငွေ့တွေနဲ့ တောင်လယ်က ကျောက်စိမ်းရောင် မြူခိုးငွေ့တွေကလည်း ပျောက်ကွယ်သွားကြပါပြီ။

မပျောက်ကွယ်ပဲ ကျန်နေခဲ့တာက တောင်ထိပ်ပေါ်က ခရမ်းရောင် တိမ်တိုက် မြူခိုးငွေ့တွေသာ ဖြစ်ကြပြီး… သူတို့ကလည်း လေပြင်းထဲက အထီးကျန် မီးတောက်မီးလျှံတွေလိုမျိုး… တုန်ခါနေကြကာ အချိန်မရွေး ငြိမ်းသတ်သွားတော့မယ့် ပုံစံမျိုး ဖြစ်နေကြပါတယ်။

ဂန်ဂျင်ကျားမိစ္ဆာတွေဟာ တစ်သုတ်ပြီးတစ်သုတ် တောင်ပေါ်ကို တက်လာခဲ့ကာ ယုတ်မာရက်စက်တဲ့ အပြုအမူတွေကို ပြသနေကြပါပြီ။

"ချလွမ်! ချလွမ်! ချလွမ်!"

ကြီးမားလှတဲ့ မိုးကြိုးစစ်မြင်း လေးကောင်က ဆွဲလာခဲ့တဲ့… စစ်ရထားကြီး တစ်စင်းဟာ မိုးကြိုးခြိန်းသံ တွေနဲ့အတူ ပေါ်လာခဲ့ပါပြီ။ မြို့ငယ်လေး တစ်မြို့ကို ဆွဲလာခဲ့တယ်လို့ ထင်နေရတဲ့ မိုးပြာရောင် လျှပ်စီး စစ်ရထားကြီးဟာ… သူ့ရဲ့ စွမ်းအားအဟုန်နဲ့ ကြားထဲမှာ တားဖို့ကြိုးစားခဲ့တဲ့ ဂန်ဂျင်ကျားမိစ္ဆာ နှစ်ကောင်ကို တိုက်ခိုက်ပြီးမှ ရောက်လာခဲ့ပါတယ်။

ကျားမိစ္ဆာတွေကို ကြိုးစားပြီးမှ ခုခံနေကြတဲ့ ဆေးဝါးတစ်ရာဂိုဏ်းက တပည့်တွေဟာ… ဒီစစ်ရထားကို မြင်လိုက်တာနဲ့ တပြိုင်နက် ဝမ်းသားအားရ ဟစ်ကြွေးလိုက်ကြပါပြီ။

ဟုန်ရဲ့ဟာ သူ့ရဲ့ ဆံပင် အဖြူရောင် အရှည်ကြီးတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်လှစွာ ဝတ်စုံအနက်ရောက်ကို ဝတ်ဆင်ထားတာပါ။ သူဟာ မိုးပြာရောင် လျှပ်စီး စစ်ရထားရဲ့ အပေါ်မှာ ထိုင်နေခဲ့ပြီး… နဂါးသတ်ဖြတ် ဆေဘာနဲ့ စကြာဝဠာ သံလိုက် ယန်ယန်ကြေးမုံ နှစ်မျိုးစလုံးကို ကိုင်ဆောင်ထားပါတယ်။ ဒီလက်နက် နှစ်မျိုးစလုံးဟာ ရွှေရောင်ဗဟိုချက် အဆင့်က လက်နက်တွေ ဖြစ်ကြပြီး… သူ့ရဲ့ တိုက်စစ်ရော ခံစစ်လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးနိုင်ကြတာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now