အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု

721 75 0
                                    

အပိုင်း ၂၀၇ : ကောင်းကင်စာအုပ်ကို ဖွင့်ဖို့ အသွင်သဏ္ဌာန် လေးခု

ဒီစကားလုံးဟာ မြေနတ်ဘုရားလို့ အဓိပ္ပာယ် ရပြီး… မြေကြီးရဲ့ စွမ်းအားတွေကို စုစည်းထားတာပဲ ဖြစ်ပါတယ်။ ဒီစကားလုံးက စကြာဝဠာ ကြေးမုံရဲ့ အပေါ်မှာ ပေါ်လာတော့… ဒီကြေးမုံဟာ ကွဲပြားခြားနားတဲ့ အော်ရာကို ထုတ်လွှတ်လိုက်ပါတယ်။

လင်းဖုန်းဟာ ဒီစကြာဝဠာ ကြေးမုံရဲ့ အထဲက ပြောင်းလဲမှုတွေကို တိတ်ဆိတ်စွာနဲ့ လေ့လာဖို့ ကြိုးစားနေခဲ့ပါတယ်။ ချက်ချင်းပဲ သူဟာ သူ့ရဲ့လက်နဲ့ ပုတ်လိုက်ပြီး… လောကနှစ်ပါး လေဟာနယ် မန္တန်ကို ထုတ်လွှတ်လိုက်ပါတယ်။

အစားထိုးမယ့် ဒိုင်မန်းရှင်းရဲ့ အစွန်းကို စကြာဝဠာ ကြေးမုံရဲ့ အလယ်မှာ ထားလိုက်တာပါ။ ပုံမှန် အခြေအနေမှာ ဆိုရင်တော့ လင်းဖုန်းက ဒီမန္တန်ကို ထုတ်လွှတ်လိုက်ရင်… ဒီစကြာဝဠာ ကြေးမုံဟာ နှစ်ခြမ်းကွဲသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီအချိန်မှာ စကြာဝဠာ ကြေးမုံကနေပြီး… မြေကြီးလိုမျိုး အဝါရောင် အလင်းတန်း တစ်ခုက ထွက်လာခဲ့ကာ အစိုင်အခဲ ပုံစံမျိုးကို သိပ်သည်းသွားခဲ့ပြီး… လောကနှစ်ပါး လေဟာနယ် မန္တန်ရဲ့ ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို ခုခံခဲ့ပါတယ်။

စကြာဝဠာ ကြေးမုံရဲ့ အလယ်မှာ တည်ရှိနေတဲ့ ဒိုင်မန်းရှင်းဟာ လှိုင်းတွန့်လေးတွေ အဖြစ် အချိန် အကြာကြီး တုန်ခါသွားခဲ့ပြီး… နောက်ဆုံးမှာတော့ တည်ငြိမ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီဒိုင်မန်းရှင်းဟာ အစားအထိုးတော့ မခံလိုက်ရပါဘူး။
ဒီစကြာဝဠာ ကြေးမုံရဲ့ စွမ်းအားဟာ လေဟာနယ်ရဲ့ စွမ်းအားထက်ကို ပိုကောင်းနေခဲ့ပြီး… လင်းဖုန်းရဲ့ လောကနှစ်ပါး လေဟာနယ် မန္တန်ရဲ့ အကျိုးသက်ရောက်မှုကို ခုခံနိုင်ခဲ့ပါတယ်။

လင်းဖုန်းဟာ စိတ်တို ဒေါသထွက် မသွားခဲ့ပဲ… သူ့ရဲ့မျက်နှာမှာ အပြုံးတောင် ပေါ်လာခဲ့ပါတယ်။

ဒါက ဒီကြေးမုံရဲ့ အဓိက လုပ်ငန်း မဟုတ်ခဲ့ပေမဲ့ လေဟာနယ်ကို ဆန့်ကျင်နိုင်ခဲ့တာဟာ… အခြေတည်ဝိညာဉ် အဆင့်က လက်နက်တစ်ခုရဲ့ စွမ်းအားကို ပြသနေခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now