အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!

427 70 4
                                    

အပိုင်း ၁၈၀ : ခက်ထန်သော ယွဲ့ဟုန်ယန်!

ယွဲ့ဟုန်ယန်ဟာ လမ်းရဲ့ တစ်ဘက်ခြမ်းကို သေချာစွာ စိုက်ကြည့်နေခဲ့ပြီး… သူမရဲ့ အမူအရာတို့ဟာ မသင်္ကာမှု.. စပ်စုမှုတို့နဲ့ ပြည့်နှက်နေလို့ပါ။

လင်းဖုန်းကလည်း သူမရဲ့ အကြည့်တွေနောက်ကို လိုက်ကြည့်လိုက်တော့… လူနှစ်ယောက်ဟာ လက်ချင်းတွဲပြီး ယှဉ်ရပ်နေကြတာကို တွေ့လိုက်ရပါတယ်။ ခဏတာလေးသာ တွေ့လိုက်ရပေမဲ့ သူတို့နှစ်ယောက်ဟာ အချစ်ကြီး ချစ်ကြတဲ့ ချစ်သူတွေ ဆိုတာကိုတော့… လင်းဖုန်းက ပြောနိုင်ခဲ့တာပါ။

သူတို့နှစ်ယောက်ဟာ အပေးအယူ အလွန်မျှတကြပြီး… သူတို့ရဲ့ အပြုအမူတွေ မှန်သမျှဟာ လိုက်လျောညီထွေ ရှိလှပါတယ်။ သူတို့နှစ်ယောက်ဟာ သူတို့ရဲ့ ကမ္ဘာလေးရဲ့ အထဲမှာ နစ်မျောနေခဲ့တာကို ကြည့်ရတဲ့ လူတွေရဲ့ စိတ်ထဲမှာ… ပျော်ရွှင်ကြည်နူးမှုတွေကို ခံစားရမှာပဲ ဖြစ်ပါတယ်။

ယွဲ့ဟုန်ယန်က သူတို့ကို စိတ်ဝင်စား စပ်စုစွာနဲ့ ကြည့်နေခဲ့တာကို ကြည့်လိုက်ပြီး… လင်းဖုန်းရဲ့ ကျောပြင်မှာ ချွေးအေးတွေဟာ စီးကျလာခဲ့သလိုမျိုး ခံစားခဲ့ရပါပြီ။

သူ့ကိုယ်သူ တည်ငြိမ်လာအောင် ကြိုးစားခဲ့ပြီး… လင်းဖုန်းဟာ သူ့ရဲ့ မျက်နှာပေါ်က အမူအရာ မပျက်အောင် ကြိုးစားထိန်းသိမ်းပြီးမှ… "အင်း… မင်းကရော သူတို့က ဘာတွေလို့ ထင်နေတာလည်း?"

ယွဲ့ဟုန်ယန်ရဲ့ မျက်နှာဟာ မသင်္ကာမှုတွေနဲ့ ပြည့်နေခဲ့ပြီး… "သူတို့က ချစ်သူတွေနဲ့ တူတာပဲ?"

လင်းဖုန်းက ချောင်းတစ်ချက် ဆိုလိုက်ပြီး… "အဟမ်း.. အဟမ်း.. မင်းက အရင်က ဒီလိုမျိုး အရာတွေကို တစ်ခါမှ မတွေ့ဖူးဘူးလား?"

ယွဲ့ဟုန်ယန်ကလည်း သူမရဲ့ခေါင်းကို ပြင်းထန်စွာနဲ့ ခါယမ်းလိုက်ပါတယ်။

လင်းဖုန်းရဲ့ ပါးစပ်ဟာ ခါးသက်သက် ဖြစ်သွားခဲ့ပြီး… ဒီလိုမျိုး အကြောင်းအရာကို အပျိုစင်လေး တစ်ယောက်ကို နားလည်အောင် ဘယ်လိုမျိုး ရှင်းပြရမလည်း ဆိုတာကို စဉ်းစားရင်း… အကြံအိုက်နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now