အပိုင်း ၃၁၂ --- အပိုင်း ၃၁၃

816 63 0
                                    

အပိုင်း ၃၁၂ : ပြိုင်ဘက်များ

လင်းဖုန်းက ပုန်းကွယ်နေသော နဂါးချောက် အတွင်းသို့ စိုက်ကြည့်နေခဲ့သည်။ ချောက်၏ပါးစပ်မှ ထွက်လာသော အလင်းတန်းသည်၊ အတွင်းမှ ဖြစ်ပျက်နေသမျှကို ထုတ်လွှင့်ပြသလျှက် ရှိနေ၏။

တုခွမ်းသည် မြောက်ပိုင်းမျိုးနွယ်စုတို့၏ ရွှေရောင်ဗဟိုချက် အဆင့်မှ လူငယ်မျိုးဆက်များ အတွင်းဝယ်၊ ရုပ်ခန္ဓာကိုယ် သိုင်းပညာရပ်နှင့် ပတ်သတ်လျှင် အသန်မာဆုံး တပည့်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ရေကန်ဂိုဏ်းအတွင်းမှ မှော်ကျိန်စာ အကျွမ်းကျင်ဆုံး တပည့်ဖြစ်သည့် စုန့်ချင်းယွမ်နှင့် ယှဉ်ပြိုင်ရသည့်အခါ၊ သူ့အတွက် အကျိုးအရှိဆုံး ဖြစ်စေမည့် တိုက်ပွဲနည်းဗျူဟာအား ကျင့်သုံးရမည် ဖြစ်သည်။ သူတို့နှစ်ယောက်အကြားမှ အကွာအဝေးကို တတ်နိုင်သမျှ လျှော့ချ၍၊ သူ၏ ရန်သူအား အနီးကပ် တိုက်ပွဲအား ဆင်နွဲရမည် ဖြစ်သည်။

ထို့ကြောင့် တုခွမ်း ပထမဦးဆုံး ပြုလုပ်သည့် တိုက်ခိုက်မှုမှာ၊ လေဆင်နှာမောင်းကဲ့သို့ စုန့်ချင်းယွမ်၏ အနားသို့ ပြေးဝင်သွားခြင်း ဖြစ်သည်။

တုခွမ်း၏ လှုပ်ရှားမှုမှာ လျှင်မြန်လွန်းလှသဖြင့်၊ ပရိသတ် တစ်ဝက်ကျော်လောက်က သူ၏ တိုက်ခိုက်မှုအား မမြင်ရသေးခင်တွင်ပင်၊ သူသည် စုန့်ချင်းယွမ်၏ အရှေ့သို့ ရောက်ရှိသွားပြီ ဖြစ်၏။ သူထံမှနေ၍ ရှေးပဝေသဏီမှ နတ်နဂါးက လူဖန်ဆင်းထားသည့် ပုံစံမျိုး၊ ခက်ထန်ကြမ်းကြုတ်သည့် ဒေါမာန်အဟုန်ကို ခံစားနေနိုင်ပေသည်။

တုခွမ်းက သူ့အနားသို့ ရောက်လာသည်ကို တွေ့လိုက်ရသော်လည်း၊ စုန့်ချင်းယွမ်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပဲ၊ သူ၏လက်အစုံအား ပူးကပ်လိုက်ကာ မှော်ကျိန်စာ သင်္ကေတ တစ်ခုအား ဖန်ဆင်းလိုက်သည်။
သူ၏ အရှေ့တွင် ဘယ်ကနေ ရောက်လာမှန်း မသိသော၊ ဧရာမ ပုံရိပ်နှစ်ခု ပေါ်လာခဲ့၏။ တစ်ခုမှာ လုံးဝ မည်းနက်နေခဲ့သော်လည်း၊ ကြက်သွေးရောင် အလင်းတန်းများ ဖြာထွက်နေခဲ့သည်။

သူ၏ ခြေလက်လေးဘက် အကြားတွင်၊ စီးဆင်းနေသော အရည်များအား ရေးရေးလေး တွေ့မြင်နိုင်၏။ သူက မြေကြီးအပေါ်သို့ ရပ်လိုက်သောအခါ၊ ခြေထောက်အောက်မှ အပင်များသည် ချက်ချင်းပင် ပြာပုံအဖြစ်သို့ လောင်ကျွမ်းခံလိုက်ရသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now