အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!

427 59 0
                                    

အပိုင်း ၂၁၆ : မြင့်မြတ်သောတောင်! မြင့်မြတ်သောတောင်!

ဒီမူလကောင်းကင် ကမ္ဘာမှာ… အင်မော်တယ် ဝိညာဉ် အဆင့်က မဟာကျင့်ကြံသူတွေကသာ… သူတို့ရဲ့ ကိုယ်ပိုင် မှော်ရတနာတွေကို ဖန်ဆင်းထုလုပ်နိုင်ကြတာ ဖြစ်ပါတယ်။ အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေ အားလုံးဟာ မှော်အိုင်တမ်တွေကိုသာ ဖန်ဆင်းနိုင်ပြီး… မှော်ရတနာတွေကို မထုလုပ်နိုင်ကြပါဘူး။

မှော်အိုင်တမ်တွေဟာ သူတို့ကို ပြုလုပ်တဲ့ ကျင့်ကြံသူတွေရဲ့ အဆင့်ကို လိုက်ပြီးတော့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ သူတို့ကို အခြေတည်ဝိညာဉ် အဆင့် မှော်အိုင်တမ်၊ ရွှေရောင်ဗဟိုချက် အဆင့် မှော်အိုင်တမ်၊ အခြေခံအုတ်မြစ် အဆင့် မှော်အိုင်တမ်တို့နဲ့ ချီသာဝက အဆင့် မှော်အိုင်တမ်တွေ ဆိုပြီးတော့ သတ်မှတ်ထားကြတာပါ။

အထက်ပါ ဖော်ပြချက်တွေအရ… မှော်ရတနာတို့နဲ့ မှော်အိုင်တမ်တို့ရဲ့ အခြေခံ သဘောတရားဟာ… လုံးလုံးကြီးကို ကွဲပြားခြားနား နေကြတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

မှော်ရတနာတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် ရတနာ စိတ်ဝိညာဉ်တွေကို ဖော်ဆောင်နိုင်မှာဖြစ်ပြီး… သီးသန့် သက်ရှိပုံစံမျိုးနဲ့ စဉ်းစားနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းတို့ ရှိမှာပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း သူတို့ဟာ သူတို့ရဲ့ ဘေးပတ်ဝန်းကျင်က စိတ်ဝိညာဉ် စွမ်းအင်တို့ကို စုပ်ယူနိုင်စွမ်းရှိပြီး… အဆင့်တိုးတက်အောင် ပြုလုပ်နိုင်စွမ်းလည်း ရှိတာပါ။

ဒါကြောင့်မို့ပဲ မှော်ရတနာ တစ်ခုဟာ… သူ့ကိုဖန်ဆင်းလိုက်တဲ့ မူလ အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူထက်တောင် ပိုပြီးမှ သန်မာနိုင်စွမ်း ရှိပါတယ်။

ယင်-ယန်တို့ကို မျှခြေပျက်နိုင်အောင် ပြုလုပ်နိုင်ခြင်း၊ တောင်တန်းတို့နဲ့ ပင်လယ်တွေကို ပြောင်းပြန်လှန်နိုင်ခြင်း စတာတွေဟာ… မေးခွန်းထုတ်စရာမျိုးတွေ မဟုတ်ကြပါဘူး!

ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ တောင်ပေါ်ကနေ ဆင်းလာတဲ့ တပည့်တွေထဲမှာ ခေါင်းဆောင်ဖြစ်တဲ့ ပန်ကျဲကို… သူ့ရဲ့ဆရာက မှော်ရတနာ တစ်ခုပေးထားတာဟာ လူတွေအားလုံးရဲ့ အံ့ဩဖွယ်ရာ မဟုတ်ပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now