အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!

425 52 0
                                    

အပိုင်း ၂၉၆ : လောင်းကြေးထပ်၍ ကျောက်တုံးအား ဖြတ်တောက်ခြင်း!

ယွဲ့ဟုန်ယန်၏ အခြေခံအုတ်မြစ် အဆင့်မှ ပြိုင်ပွဲ၏ ချန်ပီယံ သရဖူအား ဆောင်းသွားခြင်းကို၊ လူအတော်များများက မပျော်မရွှင် ဖြစ်နေကြသည်။

သို့သော်လည်း မည်သို့ပင် ဖြစ်စေကာမူ၊ ဝမ်လင်းသည် ငရဲကမ္ဘာ မြစ်ရေ၏ ဖျက်ဆီးခြင်း အဆင့်သို့ မဝင်နိုင်သဖြင့်၊ သူက ယွဲ့ဟုန်ယန်နှင့် တိုက်ခိုက်လျှင်လည်း ရလဒ်က အတူတူပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း လူအတော်များများက ဤအချက်ကို မစဉ်းစားမိကြပေ။ သူတို့အများစုသည် ယူကြုံးမရ ဖြစ်နေကြသည်။ "အမှန်ဆိုရင် တောက်ယုတင်းက နိုင်သွားရမှာ"

ဝမ်လင်းက တောက်ယုတင်းနှင့် မယှဉ်ပြိုင်မီကပင်၊ လူအတော်များများတို့သည် တောက်ယုတင်းအား ဝမ်လင်းနှင့် ယွဲ့ဟုန်ယန်တို့ကို အနိုင်ယူနိုင်စေချင်နေကြသည်။

အကြောင်းရင်း တစ်ချက်မှာ သူတို့သည် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းအား အရမ်းလွှမ်းမိုးမှု မကြီးစေချင်နေပြီး၊ နောက်ဆုံးဖိုင်နယ်အား တစ်ဂိုဏ်းထဲမှ အချင်းချင်း ယှဉ်ပြိုင်မှု မဖြစ်စေချင်ကြပေ။

နောက်ထပ် အကြောင်းရင်း တစ်ချက်မှာ၊ လူအတော်များများတို့သည် ယွဲ့ဟုန်ယန်နှင့် တောက်ယုတင်းတို့၏ အကြားမှ တိုက်ပွဲအား ကြည့်ချင်နေသောကြောင့် ဖြစ်သည်။

ယွဲ့ဟုန်ယန်သည် တိုက်ခိုက်မှုကို မြတ်နိုးသော သိုင်းသမားဖြစ်သည်။ သူမသည် ပထမ နေလဓားဂိုဏ်းမှ စုံတွဲအား ကျော်ဖြတ်နိုင်ခဲ့သည်။ ပြီးတာနှင့် သူမသည် သူမနှင့် အတူတူ ထူးခြားသော၊ ဂျူနီယာ ယန်ချင်အား အသာစီး ယူနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူမသည် မဟာချင် အင်ပါယာမှ၊ ရှီဆောင်ချန်းအား အနိုင်ယူနိုင်ခဲ့သည်။

ယွဲ့ဟုန်ယန်၏ ဖိုင်နယ်သို့ ခရီးလမ်းသည်၊ ကြမ်းတမ်း၍ လမ်းတစ်လျှောက် ပိုပို၍ စိတ်ဝင်စားစရာ ကောင်းလာခဲ့သည်။ နောက်ဆုံးတွင် သူမအား ရပ်တန့်၍ မရနိုင်ပဲ၊ ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့ပေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now