အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး

696 71 2
                                    

အပိုင်း ၂၃၃ : မကြောက်ပါနဲ့၊ ငါကနာအောင် မလုပ်ပါဘူး

လင်းဖုန်းက ဂန်ဂျင်ကျားဘုရင်ကို သတ်လိုက်ပြီး သူ့ရဲ့ မိစ္ဆာဝိညာဉ် အဆီအနှစ်နဲ့ ရုပ်အလောင်းကို ရလိုက်ကတည်းက၊ ကျဲယုဟာ လိုချင်တပ်မက်နေခဲ့တာပါ။

သူ့အတွက်ဆိုရင် ဒါတွေကို အသုံးပြုလိုက်ရရင်၊ သူ့ရဲ့လက်ရှိ မိစ္ဆာအုပ်ချုပ်သူ အထွတ်အထိပ် အဆင့်ကို ချိုးဖောက်နိုင်မှာပါ။

ဒီလိုဆိုရင် သူဟာ မိစ္ဆာဝိညာဉ်ကို အောင်မြင်စွာနဲ့ ဖန်ဆင်းနိုင်ပြီး၊ မိစ္ဆာသခင် အဆင့်ကို ရောက်သွားနိုင်တော့မှာပါ။

ဒါပေမဲ့လည်း ဝမ်းနည်းစရာ ကောင်းတာက၊ လင်းဖုန်းက သူ့ရဲ့ဆန္ဒကို အခုအချိန်အထိ မဖြည့်ဆည်းပေးသေးတာပါပဲ။

သူအရမ်းတပ်မက်နေတဲ့ အရာက သူ့ရဲ့အရှေ့ကို ရောက်လာခဲ့တော့၊ ကျဲယုဟာ ပျော်ရွှင်လွန်းလို့ မျက်ရည်ကျလုမတတ် ဖြစ်လာခဲ့ပါတယ်။

"ဒါက တောက်တီမလေးနဲ့ တိုက်တဲ့တိုက်ပွဲမှာ ငါ့ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျသွားလို့ပဲ ဖြစ်လိမ့်မယ်။ သခင်က ငါမနိုင်ခဲ့ပေမဲ့၊ ငါ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ် ပြုလိုက်တာပဲ ဖြစ်လိမ့်မယ်"

ဒါဟာ မိစ္ဆာဝိညာဉ် အဆီအနှစ်ရဲ့ သုံးပုံတစ်ပုံသာ ဖြစ်ပေမဲ့၊ ကျဲယုက အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။

ယုကျင်းတောင်ပေါ်မှာ ကျင့်ကြံရတာဟာ၊ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ပိုင်ယွင်တောင်ပေါ်မှာ ကျင့်ကြံရတာထက် အောက်မကျပါဘူး။

ဒီရက်ပိုင်းတွေအတွင်းမှာ၊ သူ့ရဲ့ စွမ်းရည်တွေဟာလည်း အတော်ကြီးကို တိုးတက်လာခဲ့တာပါ။

သူက ဒီမိစ္ဆာဝိညာဉ် အဆီအနှစ်တွေကို တစ်လုတ်ထဲနဲ့ မျိုချလိုက်ပါတယ်။ ကျဲယုရဲ့ မိစ္ဆာစွမ်းအားတွေဟာ ရုတ်တရက်ပဲ ဆထက်တပိုး ထိုးတက်လာခဲ့ကာ၊ ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ပြန်လည်ကြုံ့ဝင်သွားခဲ့ပါတယ်။

သူ့ရဲ့မိစ္ဆာစွမ်းအားတွေကို ချုံ့လိုက်ပြီးတာနဲ့၊ ကျဲယုရဲ့ နဂါးသွင်ပြင်ဟာ ပိုပြီးတော့ ရင်သပ်ရှုမောဖွယ်ရာ ကောင်းလာပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now