အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း

441 58 0
                                    

အပိုင်း ၂၅၈ : ရင်းနှီးသော သူစိမ်း

လင်းဖုန်းသည် သူ၏လက်နှစ်ဘက်စလုံးကို ဆန့်ထုတ်လိုက်ကာ ရှောင်ပုတန်လေး၏ ဖြူဖွေးနေသော ပါးလေးများကို ဆွဲလိမ်လိုက်၏။ "အရှက်မရှိတဲ့ ပြိုင်ပွဲကို ကျင်းပမယ်ဆိုရင်၊ မင်းလေးက ပြိုင်ဘက်မရှိ ဗိုလ်စွဲမှာပဲဟေ့"

ရှောင်ပုတန်လေးသည် သူ၏နီရဲသွားသော ပါးပြင်လေးကို တယုတယ ပွတ်သတ်လိုက်ရင်း ဆန္ဒပြလိုက်၏။ "ဆရာရာ၊ ကျွန်တော့်ရဲ့ ပါးလေးကို မဆွဲပါနဲ့ဗျ။ ကျွန်တော့်ရွာက လူကြီးတွေ ပြောထားတာက၊ ကလေးလေးတွေရဲ့ ပါးတွေကို ခဏခဏဆွဲရင်၊ အထဲက တံတွေးအိတ်တွေက ပေါက်သွားတတ်တယ်တဲ့။ ကျွန်တော်ကြီးလာတဲ့ အခါကျရင်၊ သွားရည်မတိတ်ပဲ နေပါဦးမယ်"

"မင်းကိုယ်မင်းရော ဘယ်အရွယ်ရှိပြီ ထင်နေလို့လည်း? မင်းက ကလေးသေးသေးလေး မဟုတ်တော့ဘူးကွ" လင်းဖုန်းသည် ဂရုမစိုက်ခဲ့ချေ။ "မင်းက အသက် ၁၁နှစ်တောင် ရှိနေပြီကွ။ ငါက ဘယ်လောက်ညှစ်ညှစ်၊ ဘာမှဖြစ်တော့မှာ မဟုတ်ဘူး"

ပြီးတာနှင့် လင်းဖုန်းသည် ခေါင်းကိုညိတ်လိုက်ကာ ဆက်ပြောလိုက်၏။ "ပြီးတော့ မင်းရဲ့ ပါးဖောင်းဖောင်းလေးက ဆွဲလို့ကောင်းတယ်ကွ"

ရှောင်ပုတန်လေးသည် ကူရာမဲ့စွာနှင့်၊ ပြုံးဖြီးဖြီးလုပ်နေသော လင်းဖုန်းကို လှမ်းကြည့်လိုက်သည်။

ယွဲ့ဟုန်ယန်သည် စနောက်ပျော်ရွှင်နေကြသော ဆရာတပည့် နှစ်ယောက်ကို ကြည့်လိုက်ကာ၊ သူမ၏ အမြဲလိုလို တင်းမာနေသော မျက်ခုံးအစုံသည် လျော့ကျသွားခဲ့၏။

အလွန်အမင်း အစွမ်းထက်သော လင်းဖုန်းနှင့် ရှောင်ပုတန်လေးတို့သည် ယခုကဲ့သို့ ပုံစံမျိုးလည်း လုပ်တတ်သေးသည်ကို ကြည့်လိုက်ကာ၊ ထွမ်းထွမ်းနှင့် ကျဲယုတို့သည် အံ့ဩနေကြ၏။

"ဒါပေမဲ့၊ ဒီအပြုအမူတွေက ဆရာနဲ့တပည့်၊ ဒါမှမဟုတ် စီနီယာနဲ့ ဂျူနီယာ အချင်းချင်းပဲ ပြသမှာ ဖြစ်တယ်" ကျဲယုက တွေးနေခဲ့သည်။

ရှောင်ပုတန်လေးနှင့် စနောက်ပြီးသည်နှင့်၊ လင်းဖုန်းသည် သူ၏ မီးတောက်နဂါး ကောင်းကင် ချပ်ဝတ်တန်ဆာကို သိမ်းလိုက်ကာ၊ အဝါရောင် ကောင်းကင် ခေါင်းလောင်းတူကို ထုတ်လိုက်၏။ သူသည် ထိုတူလေးကို ရှောင်ပုတန်လေးအား ပေးလိုက်ကာ ပြောလိုက်သည်။ "ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးကို ထုတ်လိုက်စမ်း"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now