အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!

480 66 0
                                    

အပိုင်း ၁၂၃ : ဒါအိမ်မက်ပဲ ဖြစ်ရမယ်!

မြေကြီးပေါ်မှာ ခွေးသေတစ်ကောင်လိုမျိုး လှဲနေခဲ့တဲ့ ကောင်းဖန်ဟာ... ရုတ်တရက်ပဲ ခုန်ထလိုက်ကာ ဝမ်လင်းဆီကို တစ်ဟုန်ထိုး ပျံသန်းသွားခဲ့ပါပြီ။

အခုလက်ရှိ ကောင်းဖန်ဟာ သွေးလိုမျိုး နီရဲနေတဲ့ မျက်လုံးအစုံရယ်... နာကျင်မှုကြောင့် တွန့်လိမ်နေတဲ့ မျက်နှာရယ်တို့ကြောင့် အရင်ကလိုမျိုး တည်ကြည်ခန့်ညားပြီး နှစ်လိုဖွယ်ကောင်းတဲ့ စီနီယာကောင်းနဲ့ မတူတော့ပါဘူး။

ပြင်းထန်လှတဲ့ နာကျင်မှု ဝေဒနာတွေကို ခံစားနေခဲ့ရပေမယ့်... ကောင်းဖန်ဟာ နိုးကြားနေသေးပြီး အတိုင်းအတာ တစ်ခုအထိ ဆင်ခြင်တုံတရားတွေ ရှိနေသေးကာ... သူတို့လေးယောက်ထဲမှာ အားအနည်းဆုံးဖြစ်တဲ့ ဝမ်လင်းကို သူလွတ်မြောက်နိုင်ဖို့အတွက် အဖြစ်နိုင်ဆုံး လမ်းကြောင်းအဖြစ် ရွေးချယ်လိုက်တာပါ။

ယန်ချင်ကလည်း အံ့ဩထိတ်လန့်သွားခဲ့ပြီး အော်လိုက်ပါတယ်... "ဟေ့... သတိထား!"

ကောင်းဖန်ဟာ အပြင်းအထန် ဒဏ်ရာရရှိနေခဲ့ပေမယ့်... နောက်ဆုံးမှာတော့ သူဟာ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ပါ။ ချီသာဝက အဆင့်၅သာ ရှိနေသေးတဲ့ ဝမ်လင်းဟာ သူ့နဲ့သာ ရင်ဆိုင်ရရင်တော့... အခွင့်အရေး မရှိနိုင်ပါဘူး။

ကောင်းဖန်ကလည်း ဒီလိုပဲ တွေးလိုက်ကာ ဝမ်လင်းရှိရာဆီကို အသားကုန် တိုက်ခိုက်လိုက်တာပါ။ တစ်ချိန်တည်းမှာပဲ... အမိန့်ပေးတဲ့ လေသံနဲ့... "ဟေ့... ဖေးလျှန်... ငါ့ကို ဒီကောင့်ကို သတ်တဲ့နေရာမှာ အကူအညီပေးစမ်း!"

သူဟာ ဝမ်လင်းကို သယ်ဆောင်ထားတဲ့ ဖေးလျှန်ဟာ သူ့ရဲ့ဝမ်းကွဲညီ ကောင်းလုံက လေနတ်ဘုရား ဂိုဏ်းကနေ ရထားတဲ့ သားရဲဖြစ်တာကို မှတ်မိလိုက်ပါတယ်။

ပုံမှန်ဆိုရင်တော့... ကောင်းဖန်ဟာ ဒီဖေးလျှန်ကို မျက်စိထဲတောင်ထည့်မှာ မဟုတ်ပါဘူး။ တကယ်လို့များ သူကသာ သူ့ရဲ့လမ်းကို ပိတ်ရဲခဲ့မယ် ဆိုရင်တော့... တစ်ချက်ထဲနဲ့ ရိုက်သတ်ပစ်လိုက်မှာပါ။

ဒါပေမဲ့လည်း... သူ့ရဲ့အခုလက်ရှိ အခြေအနေနဲ့... သူဟာ သူ့ရဲ့မှော်စွမ်းအင်နဲ့ စွမ်းရည်တွေကို တစ်ဝက်တောင် အသုံးမချနိုင်တော့ပါဘူး။ ဒါကြောင့်ပဲ သူဟာ... ဝမ်လင်းကို တိုက်ခိုက်ဖို့အတွက် ဖေးလျှန်ကို အားကိုးလိုက်ပြီး... သေမင်းရဲ့ လက်ကနေ လွတ်မြောက်အောင် အကူအညီ ပေးနေစေချင်ခဲ့တာလေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now