အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ

383 49 0
                                    

အပိုင်း ၃၀၀ : လျှို့ဝှက်လုပ်ကြံသူ

စုန့်ချင်းယွမ်သည် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်ပြီး၊ သူ့၏ မှော်စွမ်းအင်တို့နှင့် အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်သာ ရှိသေးသည့် တောက်ယုတင်းအား လွှမ်းမိုးထားနိုင်ခဲ့သည်။ တောက်ယုတင်းသည် သူ၏ တိုက်ခိုက်မှုအား မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့ပေ။

တောက်ယုတင်းသည် ရွှေရောင်ဗဟိုချက် အဆင့်သို့ ရောက်ခါစ ကျင့်ကြံသူများအား အနိုင်ယူနိုင်သော်လည်း၊ နောက်ဆုံးအဆင့်မှ ကျင့်ကြံသူ တစ်ယောက်ကိုမူ မည်သို့မှ မယှဉ်နိုင်ပေ။ ထို့အပြင် စုန့်ချင်းယွမ်သည် သာမန် ရွှေရောင်ဗဟိုချက် နောက်ဆုံး အဆင့်မှ ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူသည် အခြေတည်ဝိညာဉ် အဆင့်မှ ဂရန်းမာစတာတို့နှင့်ပင် ယှဉ်နိုင်သည့်၊ နတ်ရေကန်ဂိုဏ်း၏ ပါရမီရှင် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

စုန့်ချင်းယွမ်သည် မှော်ကျိန်စာများကိုပင် ထုတ်လွှတ်ရန် မလိုခဲ့ပေ။ သူ၏ မှော်စွမ်းအင်များနှင့်ပင်လျှင် တောက်ယုတင်းအား အသက်ရှူကျပ်စေခဲ့ပြီ ဖြစ်သည်။

ကောင်မလေး၏ နဂိုဖြူဖျော့နေသော မျက်နှာမှာ တဖြည်းဖြည်းနှင့် အစိမ်းရောင်သို့ ပြောင်းလာခဲ့၍၊ သူမ၏ တစ်ကိုယ်လုံးက အေးစက်လာခဲ့သည်ဟု ခံစားလာရသည်။

ခဏအကြာတွင် သူမ၏ မျက်နှာသည် ပုံမှန်မဟုတ်သော နီရဲခြင်းမျိုးဖြင့် ထူပူလာခဲ့ကာ၊ မီးတောင်အတွင်းမှ ချော်ရည်များအကြားတွင် နစ်မြှုပ်နေခဲ့သကဲ့သို့ ခံစားနေရသည်။

လင်းဖုန်းသည် လူကိုယ်တိုင် မရှိနေခဲ့သော်လည်း၊ သူ၏ အသိစိတ် တစ်စမှာ သူတို့၏ အဖြစ်အပျက်များအား မြင်နေရသည်။ သူက သူ၏အရှေ့မှ မြင်ကွင်းအား မျက်မှောင်ကြုတ်၍ ကြည့်နေခဲ့ကာ၊ သူ၏ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အတွင်းတွင် ထိုကဲ့သို့သော အဖြစ်များ လုံးဝခွင့်ပြုမည် မဟုတ်ဟု တွေးနေခဲ့သည်။

"ဟာ၊ ငါက အစက သတိမပြုမိခဲ့ပေမဲ့၊ တောက်ယုတင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုက ထူးခြားမှု တစ်ခု ရှိနေသလိုပဲ?" လင်းဖုန်းက ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိလိုက်သည်။ "နဂိုမူလယင် အတွင်းမှာ ဖုံးကွယ်ထားတဲ့ အစစ်အမှန်ယန်က၊ သာမန်မိန်းကလေးတွေထက် အများကြီး ပိုအားကောင်းနေခဲ့တယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now