အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ

424 55 0
                                    

အပိုင်း ၂၂၈ : ဒီပုံရိပ်က အရမ်းကို လှပပေမဲ့၊ ငါက မကြည့်ရဲဘူးကွ

ဇူရီက လင်းဖုန်းကို ဦးညွှတ်ပြီးမှ နှုတ်ဆက်လိုက်ပါတယ်၊ "ဆရာသခင်၊ ကျွန်တော်က တပည့်အသစ်တွေကို တာအိုနည်းစနစ်တွေအကြောင်း ရှင်းပြပေးခဲ့အပြီးမှာ၊ ပြဿနာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့ဂိုဏ်းရဲ့ မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်က အတော့်ကို ခက်ခဲနက်နဲပြီး၊ တပည့်အသစ်တွေက အခြေခံတွေ မခိုင်မာသေးတော့၊ တစ်ယောက်မှ နောက်ကွယ်က သဘောတရားတွေကို သဘောမပေါက်ခဲ့ကြပါဘူး"

လင်းဖုန်းက သူဟာ အဲ့ဒီအကြောင်းကို အစကတည်းက မျှော်လင့်ထားတဲ့အတိုင်း၊ ဖွဖွလေး ပြုံးလိုက်ပါတယ်။

အရင်တုံးက သူ့ရဲ့ ကျင့်ကြံမှု အဆင့်ဟာ ချီသာဝက မဟာစက်ဝိုင်း ပြည့်စုံခြင်း အဆင့်၁၂ကို ရောက်ခဲ့စဉ်က၊ သူဟာ တာအိုနည်းစနစ်ပေါင်း ရှစ်မျိုးကို ပေါင်းစည်းပြီး စနစ်ကြီးကို အသုံးချကာ၊ မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို စတင်ဖန်တီးခဲ့တာပါ။ ဒီတာအိုနည်းစနစ်ဟာ မူလကတည်းက သူ့ရဲ့ အခြေခံအုတ်မြစ် အဆင့်မှာ အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာပါ။

နောက်ပိုင်းမှာ ရှောင်ယန်၊ ဇူရီနဲ့ ရှောင်ပုတန်တို့ဟာ သူတို့ရဲ့ ချီသာဝက အဆင့်ကို ပြီးမြောက်ပြီး အခြေခံအုတ်မြစ် အဆင့်ကို ပြင်ဆင်တဲ့ အချိန်ကျမှ၊ ဒီမဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို သင်ယူခဲ့ရပါတယ်။

လင်းဖုန်းရဲ့ အတွေးကတော့ သူ့ဂိုဏ်းရဲ့ ဝိသေသ တာအိုနည်းစနစ်ဟာ၊ အခြေခံအုတ်မြစ် အဆင့်ရောက်မှ စတင်လေ့ကျင့်နိုင်မှာဖြစ်ပြီး၊ ရှောင်ယန်နဲ့ ကျန်တဲ့သူတွေကို တပည့်အဖြစ်နဲ့ လက်ခံခဲ့စဉ်က ဒီတာအိုနည်းစနစ်ကို မဖန်တီးရသေးပါဘူး။
ပြီးတော့ အမှန်တကယ် ဆိုရင်လည်း၊ မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်ဟာ ချီသာဝက အဆင့်က ကျင့်ကြံသူတွေ အဖို့၊ အတော်ကြီးကို ခက်ခဲနက်နဲလွန်းနေပါတယ်။

အထူးသဖြင့် အရင်က ချီလေ့ကျင့်မှု မပြုလုပ်ဖူးတဲ့ အတွေ့အကြုံမရှိသေးတဲ့ သူတွေအတွက် ပိုဆိုးပါတယ်။ တာအိုကျမ်းစာတွေကို သင်ယူဖို့ဟာ မဖြစ်နိုင်တာတော့ မဟုတ်ပေမဲ့၊ ခက်ခဲမှုတွေဟာ ကြီးမားလွန်းနိုင်ပြီး နားလည်ဖို့ ခက်ခဲလွန်းနိုင်မှာပါ။ အလွန်ကို မြင့်မားတဲ့ ဉာဏ်ပညာ၊ သဘောပေါက် နားလည်နိုင်စွမ်းနဲ့ လက်ခံနိုင်စွမ်းတို့ကိုလည်း လိုအပ်မှာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now