အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်

429 56 0
                                    

အပိုင်း ၁၉၂ : ထာဝရ အလင်းသခင်

"ထာဝရ အလင်းသခင် တထာဂတ?" လင်းဖုန်းဟာ ဒီပုံရိပ်ကားချပ်ထဲက ဗုဒ္ဓရုပ်ပွားတော်ကနေ ပြသနေခဲ့တဲ့… စွမ်းအားသဘောတရားတွေကို နားလည်အောင် ကြိုးစားနေရင်းနဲ့ တွေးနေခဲ့ပါတယ်။

သူရဲ့စိတ်ဟာ ဒီဗုဒ္ဓရုပ်ပွားတော်နဲ့ ဆက်သွယ်မှုကို တည်ဆောက်ဖို့ ကြိုးစားနေဆဲမှာ… သူ့ကို မူးဝေစေခဲ့တဲ့ အဖြူရောင် နယ်မြေတစ်ခုကလွဲလို့… ဘာမှ မူမမှန်တဲ့ အရာမျိုးကိုမှ မခံစားခဲ့ရပါဘူး။

နူးညံ့သိမ်မွေ့စွာ ဝေဖန်သုံးသပ်နေခဲ့ရင်း… လင်းဖုန်းဟာ သူ့ရဲ့အထဲက နက်နဲခက်ခဲတဲ့ သဘောတရားတွေကို ချက်ချင်းပဲ လေ့လာတွေ့ရှိခဲ့ပါတော့တယ်။

စူးရှတောက်ပလှတဲ့ အလင်းတန်းက လွဲလို့… ကျယ်ပြန့်လှတဲ့ ဒီအဖြူရောင် နယ်မြေရဲ့အထဲမှာ ဘာမှမရှိခဲ့ပါဘူး။

လင်းဖုန်းဟာ အလင်းရောင် တစ်မျိုးတည်းသာ ရှိနေတဲ့ ကမ္ဘာတစ်ခုရဲ့ အထဲကို… ဝင်ရောက်သွားခဲ့ရသလိုမျိုး ခံစားနေခဲ့ရပါတယ်။

"သန့်ရှင်းသန့်ပြန့်မှုနဲ့ အစွန်းရောက် အလင်းတန်း… အလင်းရောင်ကလွဲလို့ အရာအားလုံးကို စွန့်ပယ်ထားခဲ့တာပါ…"

အလင်းရောင်ရဲ့ လက်တွေ့ကျတဲ့ သဘာဝဟာ အပူရှိန်နဲ့ သက်ရှိအားလုံးတို့ရဲ့ ထွန်းလင်းတောက်ပခြင်း မဟုတ်ပဲ… အကြွင်းမဲ့ သန့်ရှင်းစင်ကြယ်ခြင်းပဲ ဖြစ်ပါတယ်။ တခြားအရာတွေ အားလုံးကို ငြင်းပယ်ထားခဲ့တာပါ။

လင်းဖုန်းရဲ့ စိတ်ကူးဉာဏ်တွေဟာ ကွန့်မြူးလာခဲ့ပါတယ်။ အလင်းတန်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးမှာ သူဟာ လူစိမ်းလူမျိုး.. ကြိုဆိုခြင်းကို မခံရတဲ့ ဧည့်သည်လိုမျိုး ဖြစ်နေခဲ့တာကို… ရုတ်တရက်ပဲ နားလည် သဘောပေါက်လိုက်ပါတယ်။

သူ့ရဲ့ အတွေးရေယာဉ်ကြောတွေဟာ ရပ်တန့်သွားတာနဲ့… လင်းဖုန်းဟာ ရုတ်ချည်းပဲ သူ့ကို ပတ်ပတ်လည်မှာ ဝိုင်းရံထားတဲ့… တောက်ပလှတဲ့ အလင်းတန်းတွေရဲ့ ကြီးမားတဲ့ ဖိအားတွေကို ခံစားခဲ့ရပါတော့တယ်။

ပူလောင်တဲ့ နာကျင်မှုတွေကို မခံစားခဲ့ရသလို… စူးရှနာကျင်ပြီးမှလည်း မနေခဲ့ပါဘူး… လင်းဖုန်းဟာ အဆက်မပြတ် တွန်းဖယ်ခြင်းကိုသာ ခံစားနေခဲ့ရတာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now