အပိုင်း ၁၈၃ : ငါတို့က သရုပ်ဆောင်တွေ လိုနေတယ်ကွ
"ဒီက မင်းရဲ့အစ်ကို ရှီးဟောင်က တစ်စုံတစ်ခုကို လိုချင်နေပေမဲ့… ငါလိုချင်တဲ့ အရာကို ရှာနိုင်ဖို့က အမတန်ကိုမှ ခက်လှတာပဲ…"
မြောင်ရှီးဟောင်ဟာ သူ့ရဲ့ ပါးစပ်ကို လက်နဲ့အုပ်ထားခဲ့ရင်း… အလွန်ကိုမှ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးနဲ့ ပြောလိုက်ပါတယ်။လင်းဖုန်းရဲ့ နှုတ်ခမ်းထောင့်စွန်းတွေဟာ လှုပ်သွားခဲ့ပြီး… သူက တဲ့တိုးပဲ… "ကဲ… မိတ်ဆွေက ဘာများလိုချင်နေတာလည်း?"
မြောင်ရှီးဟောင်ကလည်း သူ့ရဲ့ ဘက်ဘက်လက်ကို မြှောက်လိုက်ပြီး… မြတ်နိုးတန်ဖိုးထားသလို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ လက်တွေဟာ နူးညံ့ပျော့ပျောင်းပြီး မိန်းကလေး တစ်ယောက်ရဲ့ လက်တွေလိုပဲ ကြည့်လို့ကောင်းလှတာပါ။ သူက သာမန်ပဲ… "အင်း… မင်းရဲ့အစ်ကို ရှီးဟောင်က လိုချင်နေတာက… မဟာအကြွင်းမဲ့ရေ ခြောက်ပါးပဲ… သူတို့အထဲက တစ်မျိုးဆိုရင်ရပြီ… မင်းမှာများ ရှိနေသလား?"
လင်းဖုန်းက သူ့ရဲ့ မျက်ခုံးအစုံကို ပင့်လိုက်ပြီး… "ဟာ… တိုက်ဆိုင်လိုက်တာဗျာ… ကျုပ်မှာကလည်း တစ်ခုရှိနေတာဗျ…"
"အိုး?" မြောင်ရှီးဟောင်ဟာ သူ့ရဲ့ လက်ကို ချလိုက်ပြီး… လင်းဖုန်းကို စိတ်ဝင်စားတဲ့ပုံနဲ့ ကြည့်လိုက်ပါတယ်…"မင်းမှာ တကယ်ပဲ ရှိသလား?"
လင်းဖုန်းကလည်း သူ့ရဲ့ခေါင်းကို ညိတ်လိုက်ပြီး… "ဟဲဟဲ… ကျုပ်မှာက ငရဲကမ္ဘာ အကြွင်းမဲ့ရေ ရှိနေတယ်။ ခင်ဗျားက ကျေနပ်မလား?"
"အင်း… ငရဲကမ္ဘာ အကြွင်းမဲ့ရေက မဟာအကြွင်းမဲ့ ရေခြောက်ပါးထဲမှာ ပါတာကတော့ မှန်ပါတယ်… " မြောင်ရှီးဟောင်က အသံ စူးစူးရှရှနဲ့… "ဝမ်းနည်းစရာ ကောင်းတာက… မရဘူး!"
လင်းဖုန်းကလည်း မျက်မှောင်ကြီးကို ကြုတ်လိုက်ပြီး… "ဟာ… ခင်ဗျားက ကျုပ်ကို ကစားနေတာလား?"
မြောင်ရှီးဟောင်က လင်းဖုန်းကို စိတ်ဝင်စားစွာနဲ့ တစ်ချက်ကြည့်လိုက်ပြီး… ရယ်ရမ်းသွေးလိုက်ကာ… "ဟင်းဟင်း… သိပ်လည်း စိတ်မတိုသွားပါနဲ့။ ကျုပ်က ခင်ဗျားကို သေချာ ရှင်းမပြရသေးလို့ပါ…"
YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...