အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ

444 60 0
                                    

အပိုင်း ၁၂၉ : ကောင်းကင်ကို လှည့်ပတ်နေသော ခရမ်းရောင် တိမ်တိုက်များ

တွေ့နိုင်ခဲတဲ့ ယုကျင်းတောင်ဟာ… နောက်ဆုံးမှာတော့ လင်းဖုန်းနဲ့ တပည့်တွေရဲ့ အရှေ့မှာ ပေါ်လာခဲ့ပါပြီ။ ဒါပေမဲ့လည်း… ဒီကျောက်စိမ်းဖြူနဲ့ တူတဲ့ စိတ်ဝိညာဉ်တောင်ကြီးဟာ သိပ်သည်းလှတဲ့ ခရမ်းရောင် ဓာတ်ငွေ့ အရံအတားနဲ့ ရစ်ပတ်ဖုံးလွှမ်းနေခဲ့တာပါ။

ဒီယုကျင်းတောင်ရဲ့ ထိပ်မှာ… မင်းက အပင်ပေါက် ကလေးနဲ့တူတဲ့ ရတနာ သစ်ပင်တစ်ပင်ရဲ့ ပုံရိပ်ကို ဝိုးတဝါးနဲ့ တွေ့နိုင်တယ်လေ။ ဒါပေမဲ့လည်း မင်းက အနီးကပ် သေချာကြည့်လိုက်ရင်တော့… သူပေးစွမ်းနေတဲ့ အော်ရာတွေက ကောင်းကင်အောက်က မြေပြင်တစ်ခုလုံးကို အရိပ်အာဝါသပေးဖို့ လုံလောက်နေခဲ့တာပါ။

ဒီလိုမျိုး ကွဲလွဲနေတဲ့ ခံစားချက် နှစ်မျိုးဟာ… လိုက်လျောညီထွေ ရှိစွာနဲ့ အတူတကွ ယှဉ်တွဲပြီး တည်ရှိနေကြကာ… လျှို့ဝှက်ဆန်းကြယ်တဲ့ အော်ရာတစ်မျိုးကို ထုတ်လွှင့်ပြီးမှ နေကြပါတယ်။

"ဟာ… ဆရာသခင်… ဒီနေရာက ဆရာက ကျွန်တော်တို့ကို ပြချင်နေတဲ့ နေရာလားဗျ?" ရှောင်ယန်က ခရမ်းရောင် ဓာတ်ငွေ့တွေရဲ့ လွှမ်းခြုံထားတာကို ခံနေရတဲ့ ယုကျင်းတောင်ထိပ်ကို ငေးကြည့်ရင်းနဲ့ မေးလိုက်ပါပြီ။

လင်းဖုန်းကလည်း အရင်တုံးက သူတို့ကို လူစုခွဲပြီးမှ ယုကျင်းတောင်ကို ရှာခဲ့ခိုင်းပေမယ့်… သူကိုယ်တိုင်ကလည်း ယုကျင်းတောင်က ဘယ်မှာရှိသလည်း ဆိုတာကို မသိဘူးလို့ ဘယ်တော့မှ ပြောပြခဲ့တာ မဟုတ်ပါဘူး။

သူက အခုလည်း သူတို့လေးယောက်သားကို တောင်ရဲ့ဝင်ပေါက်ကို ရှာခိုင်းဖို့… စာမေးပွဲလေး စစ်ရန် ကြံနေခဲ့တာဖြစ်လို့… အခုက ရှောင်ယန်မေးလာတော့ လင်းဖုန်းကသူ့ရဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြဖို့တော့ စိတ်ကူးမရှိပါဘူး။

"အေး… ဟုတ်တယ်ကွ… ဒီတောင်က ယုကျင်းတောင်ပဲ… ငါတို့ရဲ့အိမ်ပေါ့… ဘယ်နှယ်လည်း? ကြိုက်တယ်မို့လား?"

ရှောင်ယန်က အံ့အားသင့်နေရာကနေ သတိပြန်ဝင်လာခဲ့ပြီး… "ဟာ… ကြိုက်တာပေါ့ဗျ! အရမ်းမိုက်တာပဲ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now