အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်

419 53 0
                                    

အပိုင်း ၂၄၉ : ရက်စက်သော ယွဲ့ဟုန်ယန်

ယွဲ့ဟုန်ယန်သည် သူမ၏ ဓားသွားပါ အနက်ရောင် လှံတံရှည်ကို ဝမ်ကျန်းနန်ထံသို့ ချိန်ရွယ်လိုက်၏။ သူမ၏ ရည်မှန်းချက်မှာ ရှင်းလင်းနေ၏။

ဝမ်ကျန်းနန်၏ မျက်နှာမှာ အရောင်ဖျော့သွားကာ လုံးဝ ဖြူဆွတ်သွားခဲ့သည်။ သူသည် ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်မှာ သိသာနေသည်။

သူသည် ယွဲ့ဟုန်ယန်ကို ကြောက်ရွံ့နေခြင်း မဟုတ်ချေ။ ချုံးယွင်မင်းသားက အမျက်ထွက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

သေချာလှသည်၊ ချုံးယွင်မင်းသားသည် ဟန်ပန်အမူအရာ ကင်းမဲ့စွာဖြင့် သူ့ဘက်ကို လှည့်လိုက်ကာ စိုက်ကြည့်လိုက်သည်။ "မင်းပြောတော့ အစစအရာရာ ချောချောမွေ့မွေ့ပဲဆို?"

ဝမ်ကျန်းနန်က အလောတကြီး ပြန်ဖြေလိုက်သည်။ "အရှင်မင်းသား၊ ကျွန်တော်မျိုးကို ရှင်းပြခွင့် ပေးပါ"

"ငါက ဒီလောက်အထိ စိတ်မရှည်ဘူး။ မင်းက အခုချက်ချင်းပဲ ဖြေရှင်းလိုက်ပါ" ချုံးယွင်မင်းသားက သူ၏လက်ကို ဝှေ့ယမ်းလိုက်ကာ စိတ်မရှည်စွာနှင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါခင်ဗျာ" ဝမ်ကျန်းနန်က အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။ ချုံးယွင်မင်းသားက ယခုကိစ္စကို ဆက်မလိုက်ခဲ့လျှင်၊ သူသည် အခြေအနေကို အဖတ်ပြန်ဆယ်နိုင်လိမ့်မည်ဟု ယုံကြည်နေ၏။

သူသည် ယွဲ့ဟုန်ယန်ကို စိုက်ကြည့်လိုက်ကာ စိတ်အာရုံကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ သူက လူအုပ်ကြီးထဲမှ ခုန်ထွက်လိုက်ကာ တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ "ဟုန်ယန်၊ မတွေ့ရတာ ကြာသွားခဲ့ပြီ။ မင်းရဲ့ တိုးတက်မှုကို စမ်းကြည့်ရတာပေါ့"

ယွဲ့ဟုန်ယန်သည် သူမ၏ မျက်ခုံးအစုံကို ပင့်လိုက်ကာ စကားအပိုတွေ မပြောခဲ့ပေ။ ခြေနောက်တစ်လှမ်း ဆုတ်လိုက်ကာ၊ လေးမှလွှတ်လိုက်သော မြားတစ်ချောင်းကဲ့သို့ သူမ၏ ရန်သူထံသို့ ခုန်အုပ်လိုက်သည်။

ခရမ်းရောင်တိမ်တိုက် ဂရန်းမာစတာသည် မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့သည်။ "ဒီကောင်မလေးက လင်းဖုန်းရဲ့ လက်ရင်းတပည့်နဲ့တူတယ်။ သူမက အခြေခံအုတ်မြစ် အဆင့်မှာပဲ ရှိသေးတယ် မဟုတ်လား? ဒါကို သူမက ရွှေရောင်ဗဟိုချက် အဆင့်ကသူကို စပြီးတော့ စိန်ခေါ်ရဲတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေအားလုံးက သူ့ထက်ကိုယ် ပိုကဲတဲ့ ပါရမီရှင်တွေပဲလား?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now