အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း

437 57 0
                                    

အပိုင်း ၂၂၉ : ထွက်ပြေးသွားသော သတို့သမီးလောင်း

မုယုံယန်ရန်ဟာ သူမရဲ့ စိတ်ခံစားမှုတွေကို ထိန်းမချုပ်နိုင်ခဲ့ပါဘူး။ တွေဝေ၊ အံဩ၊ ထိတ်လန့်ကာ ပြာယာခတ်နေခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကြိုးစားကျင့်ကြံပြီးနောက်မှာ၊ သူမရဲ့ မှတ်ဉာဏ်ထဲမှာ အနက်ရောင် ဝတ်စုံနဲ့ လူငယ်ရဲ့ ပုံရိပ်ဟာ မှေးမှိန်နေခဲ့ပြီ ဖြစ်ပါတယ်။

သူမဟာ သူမရဲ့ စွမ်းရည်နဲ့ ဒီလူငယ်လေးရဲ့ စွမ်းရည်တို့ဟာ အပုံကြီး ကွာခြားတယ်လို့ အမြဲတမ်း ယုံကြည်နေခဲ့ပါတယ်။ သူဟာ ကိုယ့်ရဲ့ လူငယ်ဘဝကို ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်နေပြီး၊ သူ့ရဲ့ လက်တွေ့မကျတဲ့ အိမ်မက်တွေကို မေ့ပစ်လိုက်ကာ၊ ကိုယ့်ဘဝကို အေးဆေးပဲ ဖြတ်သန်းနေမယ်လို့ ထင်နေခဲ့တာပါ။

ကိစ္စပြီးတာနဲ့ သူနဲ့ သူမတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဘာပတ်သတ်စရာမှ မရှိတော့ပဲ၊ နှစ်ပေါင်းတစ်ရာ ကြာပြီးနောက်မှာ ဒီလူငယ်လေးဟာ ဖုန်မှုန့်အဖြစ်ကို ပြောင်းသွားပေမဲ့၊ သူမကတော့ ကျင့်ကြံမှု လမ်းကြောင်းပေါ်မှာ ရှေ့ဆက်သွားနေခဲ့မှာပါ။

မုယုံယန်ရန်ဟာ ဒီအတိုင်းပဲ အမြဲတမ်း ယုံကြည်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုတော့ ဒီလူငယ်လေးရဲ့ ပြတ်သားတဲ့ စကားတွေဟာ သူမရဲ့ စိတ်ထဲမှာ ပြန်ပေါ်လာခဲ့ပါပြီ၊ တစ်ခါမှ ဒီလောက်အထိ မကြည်လင် မပြတ်သားဖူးပါဘူး။

"မုယုံမိန်းကလေး၊ ငါကမင်းကို စကားပုံတစ်ခု ပြောပြလိုက်မယ်။ ခွေးတောင်မှ ချောင်ပိတ်အရိုက်ခံရရင် ပြန်ကိုက်တတ်တယ်။ လူတစ်ယောက်ကို သူက ငယ်ပြီးဆင်းရဲတယ် ဆိုပြီးတော့ အနိုင်မကျင့်ချင်ပါနဲ့"

"ငါနဲ့မင်းနဲ့ သုံးနှစ်အကြာမှာ ပြန်တွေ့မယ်ကွ!"

အဲ့ဒီအချိန်တုံးက ဒီစကားတွေဟာ အရေးထားစရာ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ထုန်းလင်သီလရှင်က သူမကို ရှောင်ယန်ရဲ့ လက်ရှိ အခြေအနေနဲ့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အကြောင်းကို ပြောပြလိုက်တော့၊ မုယုံယန်ရန်ရဲ့ ရင်ထဲမှာ တောင်ကြီးတစ်လုံးကို ထမ်းထားရသလိုမျိုး လေးလံလာစေခဲ့ကာ အသက်ရှူမဝ ဖြစ်စေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now