အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်

405 53 1
                                    

အပိုင်း ၂၇၉ : ရန်သူတို့သည် မကြာခဏ ပြန်တွေ့လေ့ ရှိကြသည်

ပုန်းကွယ်နေသော နဂါးချောက်သည် လေပေါ်တွင် လွင့်မျောလျက်ရှိပြီး၊ အိုးလေး၏ အပေါက်ဝမှနေ ပုံရိပ်တို့က ထွက်လာကာ ပြိုင်ပွဲအား ထုတ်လွှင့်ပြသပေးနေခဲ့သည်။

ပထမအဆင့် ပြီးဆုံးသွား အပြီးတွင်၊ ကျန်နေသော ယှဉ်ပြိုင်သူတို့မှာ ရေပေါ်ဆီများသာ ဖြစ်ကြသည်။ လင်းဖုန်းနှင့် ကျန်သောသူများမှာလည်း စိတ်ဝင်တစားဖြင့်၊ ငြိမ်သက်စွာ ထိုင်ကြည့်နေကြသည်။

ပထမအဆင့် အပြီးတွင် အကြီးအကဲ တစ်အုပ်စုသည်၊ သူတို့ တပည့်များ၏ စွမ်းဆောင်မှုများ အပေါ်တွင် မှတ်ချက်များ ပေးနေကြ၏။

အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများ၏ အကြံပေးမှုကို ရရှိခြင်းသည်၊ ဂိုဏ်းအတွင်း၌ မျိုးစုံသော အခွင့်အရေးများကို ရနေကြသူများ ဖြစ်သော်လည်း၊ သူတို့အတွက် အဖိုးမဖြတ်နိုင်သည့် အခွင့်အရေးကြီး တစ်ရပ် ဖြစ်ပေသည်။ ဒါသည် ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးကို တက်ရောက်ရခြင်း၏ ဆုလာဘ်ကြီး တစ်ရပ်လည်း ဖြစ်သည်။

အခြားတပည့်များ အနေဖြင့်လည်း သူတို့ဂိုဏ်း၏ အင်မော်တယ် ဝိညာဉ် အဆင့်မှ အကြီးအကဲများ၏ အကြံဉာဏ်ကို နားထောင်ရခြင်းသည်၊ သူတို့အတွက် ရှားရှားပါးပါး အခွင့်အရေးဖြစ်သည်။ သူတို့သည် ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ဝင်ခွင့်မရသော်လည်း၊ သူတို့အတွက် တန်ဖိုးရှိသော ခရီးတစ်ခု ဖြစ်သည်။

လင်းဖုန်းသည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ ဝမ်လင်း၏ တိုက်ပွဲအား ကြည့်ရှုနေခဲ့သည်။ နှစ်ဦးနှစ်ဘက် စလုံးက အသာစီး မရနေသည်ကို ကြည့်လိုက်ရင်း၊ သူသည် ရင်ထဲမှနေ၍ ရယ်နေခဲ့သည်။

တပည့်များ၏ တိုက်ခိုက်မှု ပုံစံသည် ကွဲပြားကြပြီး၊ သူဟာနှင့်သူ ထူးခြားကြပေသည်။

ဇူရီနှင့် ယွဲ့ဟုန်ယန်တို့သည် သူတို့၏ တိုက်ပွဲများကို လျှင်မြန်စွာ အဆုံးသတ်သည့် နေရာတွင် တူညီကြပြီး၊ သူတို့၏ ပြိုင်ဘက်များကို တိုက်ရိုက်နည်းလမ်းများဖြင့် အနိုင်ယူကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now