အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း

407 48 1
                                    

အပိုင်း ၂၃၁ : တောက်တီမလေးကို ဝိုင်းရံပိတ်ဆို့ ဖမ်းဆီးကြခြင်း

ယန်ချင်ရဲ့ မဟာလမင်း အကြွင်းမဲ့ရေဟာ ဝမ်လင်းရဲ့ ငရဲကမ္ဘာသို့ သွားသောလမ်းကို ပုံပြောင်းထားတဲ့ မြစ်လမ်းကြောင်း အပေါ်ကို ကျရောက်သွားခဲ့ကာ၊ ကျောက်စိမ်းရောင် မြစ်ရှည်ကြီး တစ်စင်းအဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။

ရေပြင်နဲ့ မြေကြီးတို့ရဲ့ စွမ်းအင် သဘောတရားတို့ဟာ ပြည့်စုံစွာနဲ့ ပေါင်းစည်းသွားခဲ့ကာ၊ အသစ်စက်စက် ပုံစံတစ်မျိုး အဖြစ်ကို ပြောင်းလဲသွားခဲ့ပါတယ်။

အတိတ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာတွေဟာ ဘာမှ ပြန်လည်ပြင်ဆင်လို့ မရတော့ပဲ၊ မရေတွက်နိုင်တဲ့ ဝမ်းနည်းကြေကွဲမှုတွေသာ ကျန်နေခဲ့ပါတယ်။

မဟာလမင်း မမြင့်မြတ်သော မြစ်ပြင်ဟာ အသစ်ဖန်တီးထားတဲ့ မှော်ကျိန်စာ တစ်ခုပါ!

ဝမ်လင်းဟာ သူ့ရဲ့ ငရဲကမ္ဘာ ပုတီးလုံးထဲက ငရဲကမ္ဘာ အကြွင်းမဲ့ရေကို ထုတ်ယူပြီး တူညီတဲ့ မှော်ကျိန်စာ တစ်ခုကို ဖန်ဆင်းနိုင်ပေမဲ့၊ သူဟာ အခုက ယန်ချင်ကိုလည်း အထောက်အကူ ပေးချင်နေခဲ့ကာ၊ ငရဲကမ္ဘာကို သွားသောလမ်းရဲ့ အစွမ်းကို အဆင့်မြှင့်လိုက်တာပါ။ စိတ်အာရုံတွေ မပျံ့လွင့်စေခဲ့ပဲ၊ ငရဲကမ္ဘာသို့ သွားသောလမ်းဟာ သူ့ရဲ့ အားကြီးတဲ့ အလားအလာ အစွမ်းကုန်ကို ထုတ်ဖော်လိုက်ပါတယ်။

ယန်ချင်ကလည်း ဝမ်လင်းကို စိတ်မပျက်စေခဲ့ပါဘူး၊ သူဟာ သူ့ရဲ့ကိုယ်ပိုင် မဟာလမင်း အကြွင်းမဲ့ရေကို သေချာစွာနဲ့ ထိန်းကျောင်းနေခဲ့ပါတယ်။

ပုံမှန်အချိန်တွေမှာလည်း၊ ယန်ချင်ဟာ ဝမ်လင်းကို တာအိုနည်းစနစ်တွေနဲ့ ပတ်သတ်ပြီး မရှင်းမလင်းတဲ့ အချက်တွေကို လာရောက်မေးမြန်းလေ့ရှိပြီး၊ ဝမ်လင်းကလည်း တစ်ကိုယ်ကောင်း မဆန်ခဲ့ပဲ သူ့ကို သေသေချာချာ လမ်းပြခဲ့ပါတယ်။ သဘောပေါက် နားလည်နိုင်စွမ်း ၉မှတ်နဲ့ ၁၀မှတ်စီ ရထားတဲ့ သူတွေဟာ၊ မဟာလမင်း မမြင့်မြတ်သော မြစ်ပြင်စတဲ့ မှော်ကျိန်စာ အသစ်ကို အတူတကွ တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now