အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ

414 50 0
                                    

အပိုင်း ၃၀၇ : ပြင်းထန်သောတိုက်ပွဲ

လူအများစုသည် သူတို့မျက်စိဖြင့် မြင်ရသည်ကိုသာ ယုံကြည်လေ့ ရှိကြ၍၊ နားဖြင့်သာ ကြားရသည်ကို ယုံကြည်လေ့ သိပ်မရှိကြပေ။

လူများအားလုံး၏ ဖူးဖူးမှုတ်ခြင်းကို ခံနေရသော ဇူရီနှင့် ယှဉ်လိုက်လျှင်၊ ရှောင်ပုတန်လေးသည် ဤမျှ အာရုံစိုက်ခြင်းကို မခံခဲ့ရချေ။

အစောပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်း အဖြစ်အပျက်တွင် စုန့်ချင်းယွမ်တို့ အုပ်စုသည် အနီးအနားတွင် ရှိနေသော်လည်း၊ ဘာဖြစ်သွားသည်ကို သေသေချာချာ မသိခဲ့ရပေ။ ရှောင်ပုတန်လေး၏ တကယ့်စွမ်းအားနှင့် ပတ်သတ်၍၊ ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးမှ လူအများစုသည် သေသေချာချာ မသိကြချေ။

သို့သော်လည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်များ၏ စွမ်းဆောင်ရည်ကြောင့်၊ လူများသည် ရှောင်ပုတန်လေးကို ပိုတွက်ထားကြသည်။

ထို့ကြောင့်ပင် သူနှင့်တွေ့ရမည့် ပြိုင်ဘက်သည် အနည်းငယ် မှေးမှိန်နေခဲ့သည်။

ဒုတိယအဆင့်တွင် ရှောင်ပုတန်လေးနှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်မှာ၊ နတ်ရေကန်ဂိုဏ်းမှ မုကျိဟိုင် ဖြစ်သည်။ သို့သော်လည်း လူအများစုသည် သူ၏ပြိုင်ဘက်မှာ စုန့်ချင်းယွမ်သာ ဖြစ်ပါက၊ ပို၍ စိတ်ဝင်စားစရာကောင်းသော ပြိုင်ပွဲဖြစ်လိမ့်မည်ဟု ယူဆနေကြ၏။

ထိုကဲ့သို့သော ဆွေးနွေးမှုများသည် မုကျဟိုင်၏ နားအတွင်းသို့ ရောက်သွားခဲ့ကာ၊ သူ့အား မပျော်မရွှင် ဖြစ်စေခဲ့သည်။ ပို၍ဆိုးသော အချက်မှာ နတ်ရေကန်ဂိုဏ်းမှ တပည့်များသည်ပင်၊ သူ့အစား စုန့်ချင်းယွမ်ကို ပို၍ အာရုံစိုက်နေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူတို့မှာ စုန့်ချင်းယွမ်အား ဖားနေလို၍ မဟုတ်ပဲ၊ သူ၏ပြိုင်ဘက်မှာ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော်မှ တုခွမ်းဖြစ်နေသောကြောင့် ဖြစ်၏။

တုခွမ်း၏ မြောက်ပိုင်းမျိုးနွယ်စုတို့၏ တော်ဝင်အိမ်တော် အတွင်းမှ အဆင့်အတန်းသည်၊ စုန့်ချင်းယွမ်၏ နတ်ရေကန်ဂိုဏ်း အတွင်းမှ အဆင့်အတန်းထက် နိမ့်မကျပေ။ သူတို့သည် အညွှန့်တစ်လူလူ တက်နေကြ၍၊ သူတို့မျိုးဆက်အတွင်းမှ ရွှေရောင်ဗဟိုချက် အဆင့်တွင်၊ အကောင်းတကာ့ အကောင်းဆုံးများ အတွင်းတွင် ပါနေကြသူများ ဖြစ်ကြသည်။ သူတို့၏ ပါရမီနှင့် အလားအလားများသည် ထိပ်တန်းအဆင့်တွင် ရှိကြပြီး၊ နှစ်ယောက်စလုံးတို့သည် အနာဂတ်တွင် ဂိုဏ်း၏ ခေါင်းဆောင်လောင်းများ ဖြစ်လာနိုင်ကြသည်ဟု ယူဆခံထားရသူများလည်း ဖြစ်ကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now