အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!

424 59 0
                                    

အပိုင်း ၂၁၇ : ပြိုင်ဘက်ကင်း! လုံးဝပြိုင်ဘက်ကင်း!

အရှေ့ဘက် ကောင်းကင်မှာ အရုဏ်ဦးနေမင်းရဲ့ စွမ်းအားဟာ… မြေပြင်ပေါ်က လုံးဝကို တိတ်ဆိတ်မှုတွေနဲ့ ဆန့်ကျင်ဖီလာ ဖြစ်နေခဲ့ပါတယ်။

ခဏကြာတော့ ထူးခြားတဲ့ အသံတွေကို ကြားနိုင်ခဲ့ပြီး… ဒီအသံတွေဟာ လူတွေက သူတို့ရဲ့ တံတွေးတွေကို မျိုချတဲ့ အသံပဲ ဖြစ်ပါတယ်။

အားလုံးဟာ အခုလေးတင် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေကို ကြည့်လိုက်ကာ… အံ့အားသင့် မှင်သက်နေကြပါတယ်။

ယုဝမ်ဖုန်းထက် ပိုသန်မာပြီး အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်မှာ ရှိနေတဲ့… မဟာကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့ ယုချန်စန်းဟာ လင်းဖုန်းရဲ့ လွယ်ကူစွာနဲ့ သုတ်သင်ခြင်းကို ခံလိုက်ရတာပါ။

သူဟာ စက္ကန့်ပိုင်းလေး အတွင်းမှာ အသတ်ခံလိုက်ရပြီး… ဘာခုခံမှုမှ မလုပ်နိုင်ခဲ့ပါဘူး။ ထွက်ပြေးဖို့ အခွင့်အလမ်းလေး တစ်ခုမှတောင် မရခဲ့ရှာပါဘူး။

အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်က မဟာကျင့်ကြံသူ တစ်ယောက်ဟာ ဒီအတိုင်းလေးပဲ ဘာသဲလွန်စမှ မကျန်ခဲ့ပဲ ပျောက်သွားခဲ့တာပါ။

ဒီမတိုင်ခင်တုံးက လူတွေဟာ လင်းဖုန်းက မာစတာ ဆိုင်ကလုန်းနဲ့ ယုဝမ်ဖုန်းတို့ကို လွယ်လွယ်ကူကူနဲ့ အပြတ်ရှင်းနိုင်တာဟာ… ယုကျင်းတောင်ရဲ့ ကြီးမားတဲ့ စွမ်းအားတွေကြောင့်လို့ သံသယ ဖြစ်နေကြပါတယ်။
ဒါပေမဲ့လည်း အခုတော့ သူဟာ ယုချန်စန်းကို မျက်စိတစ်မှိတ်လေး အတွင်းမှာ ဖျက်ဆီးနိုင်တဲ့ စွမ်းရည်ကို တွေ့လိုက်ရတော့… လူတွေအားလုံးရဲ့ ရင်ထဲက ကြောက်စိတ်တွေဟာ အမှန်တကယ် ဖြစ်လာကြပါတယ်။

ယန်တုန်ဟွေရဲ့ မျက်လုံးအစုံဟာ တောက်ပလာခဲ့ပြီး အာမေဋိတ်ပြုလိုက်ပါတယ်… "အခြေတည်ဝိညာဉ် အလယ်အလတ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ သုတ်သင်နိုင်ဖို့အတွက်… မဟာကျင့်ကြံသူ တစ်ယောက်ဟာ အင်မော်တယ် ဝိညာဉ် အဆင့်က စွမ်းအားတွေကို လိုအပ်တယ်။ ကျုပ်က သူဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့လူလို့ အမြဲတမ်း တွေးနေခဲ့ပြီး… ကျုပ်ရဲ့အတွေးတွေက မှန်နေခဲ့တာပဲ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now