အပိုင်း ၁၇၁ : ကြီးမားသော တိုက်ရာပါ ပစ္စည်းများ
ဆေးဝါးတစ်ရာ ဂရန်းမာစတာရဲ့ အခြေတည် ဝိညာဉ်ဟာ ခက်ထန်စွာနဲ့ အစိမ်းရောင် သစ်စေ့တစ်ခု အသွင်ကို ပြောင်းသွားခဲ့ပြီး... ကြီးထွားလာခဲ့ကာ သူ့ရဲ့အပေါ်မှာ အက်ကွဲကြောင်းတွေ ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်ရာ တုန်ခါမှုတွေနဲ့ အတူ... အထဲကနေပြီး မျက်စိကျိန်းစေခဲ့တဲ့ အစိမ်းရောင် အလင်းတန်းတွေဟာ ပေါ်ထွက်လာခဲ့ပါပြီ။
ဒါက လင်းဖုန်းဟာ သူ့ရဲ့ ကျင့်ကြံမှု သက်တမ်းတစ်လျှောက်က တွေ့ဖူးခဲ့သမျှထဲမှာ... အစွမ်းအထက်ဆုံး စွမ်းအားလှုပ်ရှားမှုပဲ ဖြစ်ပါတော့တယ်။
အခြေတည်ဝိညာဉ် အဆင့်က လူထူးလူဆန်း ဘိုးတော်ကြီးက သူ့ရဲ့ အခြေတည် ဝိညာဉ်ကို ဖောက်ခွဲလိုက်ခြင်းကနေပြီး ပေါ်ထွက်လာခဲ့တဲ့ စွမ်းအားလှုပ်ရှားမှုကြီးပါ။
"ဟေ့... နလပိန်းတုံးကြီး... ငါက အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေ အများကြီးနဲ့ တွေ့ဖူးခဲ့ပြီး... ငါမကြောက်ဆုံးကလည်း မင်းတို့ရဲ့ အခြေတည် ဝိညာဉ် ဖောက်ခွဲတာကိုပဲကွ..."
ဒါကလည်း အမှန်တရားပါ။ ရွှေရောင်ဗဟိုချက် အဆင့်မှာသာ ရှိနေသေးပေမဲ့... လင်းဖုန်းဟာ အခြေတည်ဝိညာဉ် အဆင့်က ဘိုးတော်ကြီးတွေလို လေဟာနယ်တို့ရဲ့ လျှို့ဝှက်ချက်တွေကို သိနေခဲ့ပြီး... အဲ့ဒီအတွက်ကြောင့် သူဟာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူတွေ မြောက်မြားစွာကို တစ်ယောက်ထဲနဲ့ အနိုင်ယူနိုင်ခဲ့တာပါ။
ဒီအခြေတည်ဝိညာဉ် အဆင့်က ဘိုးတော်ကြီးနဲ့ တိုက်ခိုက်ရတဲ့ အချိန်မှာ... လင်းဖုန်းက အသာစီးရမှာ မဟုတ်ပါဘူး။ သူဟာ မှော်စွမ်းအင်တွေနဲ့ ကျင့်ကြံမှု အဆင့်တို့မှာ နောက်ကျနေတဲ့အတွက်... အခြေတည်ဝိညာဉ် အဆင့်က သူတွေနဲ့ တိုက်ခိုက်တဲ့ အချိန်မှာ သူအကြောက်ဆုံးက သူ့ကို မှော်ကျိန်စာတွေနဲ့ တိုက်ခိုက်မှာကိုပါပဲ။
ဒါပေမဲ့လည်း အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ဟာ သူ့ရဲ့ကိုယ်ပိုင် စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်မယ် ဆိုရင်တော့... သူ့ရဲ့ လေဟာနယ် နိယာမတွေဟာ ပျက်စီးသွားမှာဖြစ်ပြီး သူ့ရဲ့ ဖျက်ဆီးနိုင်မှု စွမ်းအားဟာ အစွမ်းကုန် တိုးတက်သွားမှာ ဖြစ်ပေမဲ့... လေဟာနယ်ကို ထိန်းချုပ်နိုင်စွမ်းကတော့ ဆုံးရှုံးသွားမှာပဲ ဖြစ်ပါတယ်။

YOU ARE READING
ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) Unicode
Adventure✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း ------------- လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်ရဲ့ အဓိကမစ်ရှင်" လင်းဖုန်းဟာ ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်ရမှာပါ။ အဲ့ဒီဂိုဏ်းလဲ ဒီကမ္ဘာမ...